Thursday, 12 December 2019 14:39

3

မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်နားထားသော တွဲကားများ၊ တွဲကားခေါင်းများ၊ နောက်တွဲကားဘော်ဒီများကို နိုဝင်ဘာလ ၂၈ ရက်မှစ၍ စီမံချက်ဖြင့် အရေးယူနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှစ၍ အခွန်ဌာန၊ စည်ပင်သာယာရဲ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စည်းကမ်းပျက်တွဲကားများ၊ တွဲခေါင်းများနှင့် ကားနောက်တွဲအပါအဝင် စုစုပေါင်း အစီးရေ ခုနှစ်ဆယ်ကျော် အရေးယူထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရပါတယ်။

Read More>>> နိုင်ငံတကာခရီးသွားဝင်ရောက်မှု များပြားလာစေရန် မန္တလေးဈေးချိုပလာဇာတွင် ညဈေးဖွင့်လှစ်မည်

"နိုဝင်ဘာ ၂၈ ရက်မှာတော့ ရက်ကြာရှည် ရပ်နားထားတဲ့ ကားခေါင်းတွဲတွေ၊ ရက်ကြာရှည်ပြုပြင်နေတဲ့ကားတွေ၊ ယာဉ်ကြောပိတ်ဆို့အောင် ရပ်နားထားတဲ့ယာဉ်တွေ၊ လမ်းပြောင်းပြန် ရပ်နားထားတဲ့ကားတွေ စတဲ့စည်းကမ်းပျက်ယာဉ်ပေါင်းစုံကို Mobile Team အဖွဲ့နှစ်ဖွဲ့၊ မြို့နယ်အလိုက် ပုံမှန်ဖမ်းဆီးရေး အဖွဲ့လေးဖွဲ့ စုစုပေါင်း ခြောက်ဖွဲ့ပေါင်းပြီး အရေးယူခဲ့ပါတယ်၊ နိုဝင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာတင် ၆၇ စီး အရေးယူထားတယ်။ ၂၈ ရက်နေ့နောက်ပိုင်းမှာလည်း Mobile Team အဖွဲ့တွေက တောက်လျှောက်ပတ်ပြီး အရေးယူနေတယ်။" ဟု ဌာနမှူး ဦးအေးလွင်က ထပ်မံပြောကြားထားပါတယ်။

Read More>>> မန္တလေးတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းများ

နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စည်းကမ်းမဲ့ပျက်ယာဉ်များအား အရေးယူရာတွင် ယာဉ်ကြောပိတ်ဆို့အောင် ရပ်တန့်သောယာဉ်များ၊ လမ်းပြောင်းပြန်ပြန်ရပ်ယာဉ်များကို စည်ပင်ဥပဒေအရ ဒဏ်ကြေး ကျပ် ငါးသောင်း၊ ကြာရှည်စွာ ရပ်နားထားသောယာဉ်များနှင့် ကားခေါင်းတွဲများကို ကျပ်တစ်သိန်းအထိ ဒဏ်ရိုက်အရေးယူခဲ့ပြီး ကရိန်းဖြင့်ဆွဲခအဖြစ် အနည်းဆုံး ကျပ် တစ်သိန်းမှ နှစ်သိန်းအထိ အသီးသီးပေးဆောင်ခိုင်းခဲ့ကြောင်း အခွန်ဌာနမှ ထပ်မံသိရပါတယ်။


Source:Automobile Journal


Read 216 times Last modified on Thursday, 12 December 2019 14:59
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.