Thursday, 15 August 2019 16:45

hero-cvs.jpg

မျက်စိပါဝါကျချင်တဲ့ သူတွေအတွက် ဘယ်လိုအချက်တွေကို ရှောင်သင့်တယ်၊ ဘယ်လို လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်တယ်ဆိုတာ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်စိပါဝါချချင်ရင် မျက်စိကို ကောင်းကောင်းအနားပေးဖို့ လိုပါတယ်။ ဖုန်း၊ ကွန်ပြူတာ၊ တီဗွီ Screen တွေက ထွက်တဲ့ အလင်းစူးစူးတွေကို ကြည့်လို့မရပါဘူး။ ကွန်ပြူတာ၊ ဖုန်း အကြည့်များသူတွေ အနေနဲ့  Brightness (အလင်း) ကို တတ်နိုင်သမျှ လျော့ချဖို့ လိုပါတယ်။

(၂) အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်ပါတယ်။ နေရောင်အပါအ၀င် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလို ပြုလုပ်ခြင်းဟာ အတွင်းတိမ် ဖြစ်စေရုံမက မျက်စိအမြင်အာရုံကို တဖြည်းဖြည်းပျက်စီးစေနိုင်ပါတယ်။ အပြင်သွားတဲ့အခါလဲ UVA and UVB Rays 99% နဲ့ 100% ကြားကာကွယ်တဲ့ နေကာမျက်မှန်မျိုး တပ်ထားရပါမယ်။

>>> မျက်စိအထူးကုဆေးခန်းများ

(၃) အိပ်ရေးမ၀တာကလဲ မျက်စိကိုထိခိုက်စေတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကောင်းကောင်းပေးဖို့ လိုပါတယ်။

(၄) နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီဝကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားကို တင်းစေပြီး ပါဝါတက်လာစေပါတယ်။ စိတ်ရောမျက်စိကိုရော အနားပေးပါ။ မျက်စိသဘောက ဆယ်မိနစ်တစ်ခါ အနားပေးရပါတယ်။ မျက်စိအထူးကု Arun Sethi ပြောတဲ့ အကြံပြုချက်က မျက်စိအာရုံစိုက်ရတဲ့ အလုပ်မျိုးမှာ ခေါင်းငုံ့ ၊ ခေါင်းမော့လေ့ကျင့်ခန်း အကြိမ်နှစ်ဆယ်လောက် လုပ်ပေးခြင်းဖြင့် မျက်စိနဲ့ လည်ပင်းကို သွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်အကူပြုပါတယ်။

(၅) မျက်စိအနားပေးတဲ့အခါ Rule of 20 ဆိုတဲ့ ဥပဒေသတစ်ခုရှိပါတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့ အရာတစ်ခုကို အချိန်ကြာ ကြည့်မယ်ဆိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ ၂၀ ခန့် အကွာမှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်  ၂၀ ကြာကြည့်ပြီး အကြောဖြေရမှာ ဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကို သိသိသာသာ တိုးတက်လာစေပါတယ်။

(၆) နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ကတော့ မျက်စိရေဓါတ်အားဖြည့်ဖို့ ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်စိဝါးတာ ဖြစ်နိုင်ပါတယ်။ အစိုဓါတ်ပြည့်ဝနေစေဖို့  ရေများများ သောက်သင့်ပါတယ်။

(၇) မနက်အိပ်ရာထထချင်း မျက်နှာကို အရင်ဆုံးသစ်တာ မျက်စိအတွက် လုံးဝမကောင်းပါဘူး။ တကယ်လုပ်သင့်တာက ပါးစပ်ထဲရေတစ်ငုံ အရင်ငုံလိုက်၊ နောက်ပြီးမှ မျက်စိကိုဖွင့်ပြီး ရေနဲ့ ပက်ဖျန်းရမှာ ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ မျက်စိကို အေးမြစေပါတယ်။ အအေးဓါတ်က တင်းရင်းနေတဲ့ မျက်စိကြွက်သားကို ပြေလျော့စေတာမို့  မျက်စိပါဝါ ကျဆင်းလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်း လုပ်ဖို့ လိုအပ်ပါတယ်။

>>>ကြက်ဥများကို ရေခဲသေတ္တာ တံခါးနားမှာ ထည့်သိမ်းထားရင် အဆိပ်အတောက်ဖြစ်စေနိုင်

Eye Relaxation Exercise လို့ခေါ်တဲ့ မျက်စိပါဝါကျဖို့ လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။

အရင်ဆုံး မိမိလက်ဖ၀ါးနှစ်ဖက်ကို ပူလာအောင် အချင်းချင်းပွတ်ပါ။ ထို့နောက် မျက်စိကိုပိတ်ပြီး ပူလာတဲ့ လက်ဖ၀ါးကို မျက်လုံးပေါ် ဖိတင်ထားပါ။ စိတ်ထဲက မျက်စိကြွက်သားတွေ လျော့နေပြီလို့ ကိုယ့်ဘာသာ သဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိုးက အချိန်မပေးနိုင်ဘူးဆိုတဲ့ IT သမားတွေ၊ ကွန်ပြူတာရှေ့  နာရီပေါင်းများစွာ ထိုင်နေသူတွေအတွက် အလွန်ကောင်းပါတယ်။

နောက်တစ်ခုကတော့ မျက်စိကို အထက်အောက်၊ ဘယ်ညာ ကစားပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့ အရင်ဆုံးမျက်စိကို အပေါ်လှန်ကြည့်ပါ။ ပြီးရင် နာရီလက်တံ လည်သကဲ့သို့  စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်းလှည့်ပြီး ကစားပေးပါ။ ၁၀ ကြိမ်ရအောင် အရင်လုပ်ပါ။ ပြီးရင် အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန် လားရာအတိုင်း မျက်စိကို လှည့်ကစားပါ။ ၁၀ ကြိမ်ပဲ လုပ်ရမှာဖြစ်ပါတယ်။ ပါဝါသိပ်မတက်သေးသူတွေ အနေနဲ့ မျက်မှန်တစ်ချိန်လုံး တပ်မထားသင့်ပါဘူး။ သဘာဝအမြင်ကိုလဲ အားကိုးသင့်ပြီး တစ်ခါတစ်ရံ မျက်မှန်ချွတ်ထားသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး


Read 408 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.