Published in What's New

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူတွေအတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမယ့် ပုံစံအိတ်ကို သက်ဆိုင်ရာစာစစ်ဌာနအသီးသီးရှိ အခြေခံပညာကျောင်းတွေမှာ ဇွန်လ ၂၄ ရက်နေ့ကနေ စတင်ပြီး ဇူလိုင်လ ၂၃ ရက်နေ့အထိ ထုတ်ယူရမှာဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားပါတယ်။