မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ်တိုးပွားလာမှု နှင့်အတူ ဟိုတယ်လုပ်ငန်းများလည်း အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ခိုင်ကပြောသည်။
ကျပ်တစ်ထောင်တန်ထီ ဒုတိယအမြင့်ဆုံးဆုကို ကျပ်သိန်း တစ်သောင်း တိုးမြှင့်သတ်မှတ်ကြောင်း အောင်ဘာလေသိန်းဆုဌာနက ကြေညာသည်။
မန္တလေး အခေါက်ရွှေဈေးသည် ဇွန်လ ၁၁ ရက်နေ့တွင် တစ်ကျပ်သားလျှင် ၁,၀၆၉,၅၀၀ ကျပ် ရှိနေရာမှ ယနေ့ ၂၁ ရက်နေ့တွင် ၁,၁၁၁,၅၀၀ ကျပ် အထိ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သြဂုတ်လဆန်းပိုင်းက တောင်သမန်အင်း အတွင်း ရေများလာသည့် အချိန်မှစတင်ကာ ယခု သြဂုတ်လကုန်ပိုင်း ရတနာ့ဂူပွဲရာသီအထိ နာမည်ကျော် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းသို့