Wednesday, 26 June 2019 11:47

64995666_456528938457234_1229263556155801600_n.jpg

Yangon Hotel Expo 2019 ပြပွဲကို သာကေတမြို့နယ်၊ Fortune Plaza မှာ အောက်တိုဘာ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြပွဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၏ ပြခန်းများ၊ အခြားသော ဆက်စပ်လုပ်ငန်းများ၏ ပြခန်းများ၊ မြန်မာပြည်၏ထုတ်ကုန်များကို ပြသမည့် Fair Trade Local Market ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပြခန်းများ အပြင် ရန်ကုန်မြို့၏ သမိုင်းကြောင်းများ၊ အထင်ကရနေရာများကို ရှင်းလင်းပြသမည့် ပြခန်းများ စသဖြင့် ပြခန်းပေါင်း ၂၅၀ပါဝင်မှာ ဖြစ်ပါတယ်။

ပြပွဲရဲ့ရည်ရွယ်ချက်ကတော့ အခြားမြို့များနည်းတူ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင်လည်း သမိုင်းဝင်နေရာများ၊ သမိုင်းဝင်အဆောက်အအုံများစွာကို သွားရောက်လည်ပတ်နိုင်တယ်ဆိုတာ နိုင်ငံခြားသားဧည့်သည်များကို သိစေချင်လို့ဘဲဖြစ်ပါတယ်။ ခရီးသွားဧည့်သည်များပြားလာခြင်းဖြင့် ဟိုတယ်အခန်းကဏ္ဍပိုမို ကျယ်ပြန့်လာစေဖို့လည်း ဖြစ်ပါတယ်။

၂၇ ရက်နေ့မှစ၍ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ပြသမည့် ဇာတ်ကားသစ် ( ၅ ) ကား

ပြပွဲရက်များအတွင်း ရန်ကုန်မြို့တွင်း လှည့်လည် လည်ပတ်နိုင်မည့် ခရီးစဉ်တိုများလည်း စီစဉ်ထားပြီး အများသုံး မြို့ပတ်ရထားများ၊ ဘတ်စ်ကားများဖြင့် ရန်ကုန်မြို့အား လေ့လာခြင်း၊ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုအား လေ့လာခြင်း။ Culture Performance မြန်မာ့ယဉ်ကျေးမှုအနုပညာများကို တင်ဆက်ပြသခြင်း၊ ရန်ကုန်သူ၊ ရန်ကုန်သားတို့၏ နေ့စဉ် လူနေမှုဘဝကို အနီးကပ်လေ့လာရင်း ၎င်းတို့ နေ့စဉ် စားသုံးနေသည့် အစားအသောက်များကို မြည်းစမ်းကြည့်နိုင်မည့် အစီအစဉ်များလည်း ပါဝင်မှာဖြစ်ပါတယ်။

ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အထောက်အကူဖြစ်စေမည့် စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်ကျော်ကြားသူတို့၏ အတွေ့အကြုံများ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ စသည်တို့ကို ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂိုလ်များက ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

 

 


Read 140 times Last modified on Saturday, 29 June 2019 13:20
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.