Tuesday, 25 June 2019 11:14

meter_box.jpg

လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ဓာတ်အားသုံးစွဲသူ အမျိုးအစားတွင် အိမ်သုံးအမျိုးအစားနှင့် အိမ်သုံးမဟုတ်သည့် အမျိုးအစား ဟူ၍နှစ်မျိုးရှိသည့်အနက်

( ၁ ) အိမ်သုံးအမျိုးအစားတွင် နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း (အိမ်သုံး)၊ စီးပွားရေးလုပ်ငန်းမပါသော ဘာသာ/သာသနာ အဆောက်အအုံများ ပါဝင်သည်။

အိမ်သုံးအမျိုးအစားအတွက် ယူနစ်အလိုက် ဓာတ်အားခနှုန်းထားများမှာ

၁ယူနစ်မှ ၃၀ယူနစ်အထိ ၃၅ကျပ်၊

၃၁ယူနစ်မှ ၅၀ယူနစ်အထိ ၅၀ကျပ်၊

၅၁ယူနစ်မှ ၇၅ယူနစ်အထိ ၇၀ကျပ်၊

၇၆ယူနစ်မှ ၁၀၀ယူနစ်အထိ ၉၀ကျပ်၊

၁၀၁ယူနစ်မှ ၁၅၀ယူနစ်အထိ ၁၁၀ကျပ်၊

၁၅၁ယူနစ်မှ ၂၀၀ယူနစ်အထိ ၁၂၀ကျပ်၊

၂၀၁ယူနစ်နှင့် အထက် ၁၂၅ ကျပ် ဟူ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

Read more >>> မြန်မာနိုင်ငံနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံပေါင်း ၂၃ နိုင်ငံ

( ၂ ) အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့အစည်းများ၊ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊မြစ်ရေတင်လုပ်ငန်း စည်ပင်သာယာရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်သည်။

အိမ်သုံးမဟုတ်သည့် အမျိုးအစားအတွက် ယူနစ်အလိုက် ဓာတ်အားခနှုန်းထားများမှာ

၁ ယူနစ်မှ ၅ဝဝ ယူနစ်အထိ ၁၂၅ ကျပ်၊

၅၀၁ ယူနစ်မှ ၅ဝဝဝ ယူနစ်အထိ ၁၃၅ကျပ်၊

၅ဝ၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်အထိ ၁၄၅ကျပ်၊

၁ဝဝဝ၁ ယူနစ်မှ ၂ဝဝဝဝ ယူနစ်အထိ ၁၅၅ကျပ်၊

၂၀ဝ၀၁ ယူနစ်မှ ၅ဝဝဝဝ ယူနစ်အထိ ၁၆၅ကျပ၊်

၅ဝဝဝ၁ ယူနစ်မှ ၁ဝဝဝဝဝ ယူနစ်အထိ ၁၇၅ကျပ်၊

၁ဝဝဝဝ၁ ယူနစ် နှင့်အထက် ၁၈၀ကျပ် ဟူ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

Source MOEE 

 


Read 253 times Last modified on Saturday, 29 June 2019 13:21
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.