Friday, 21 June 2019 13:27

 

888.jpg

မန္တလေး အခေါက်ရွှေဈေးသည် ဇွန်လ ၁၁ ရက်နေ့တွင် တစ်ကျပ်သားလျှင် ၁,၀၆၉,၅၀၀ ကျပ် ရှိနေရာမှ ယနေ့ ၂၁ ရက်နေ့တွင် ၁,၁၁၁,၅၀၀ ကျပ် အထိ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ဇွန်လ ၁၁ ရက်နေ့ကနေ ၂၁ ရက် နေ့အထိ ၁၀ ရက် အတွင်း အခေါက်ရွှေဈေး ၄၂,၀၀၀ ကျပ်၊ ၁၅ပဲရည် ရွှေဈေး ၃၉,၅၀၀ ကျပ်ထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သိရသည်။

အခေါက်ရွှေ ဈေးတက်နေသလို ၁၅ပဲရည် ရွှေဈေးနှုန်းများသည်လည်း တစ်ကျပ်သားလျှင် ၁,၀၀၇,၁၀၀ ကျပ်မှ ၁၀၄၆၆၀၀ ကျပ်ထိ မြင့်တက်လာလျက် ရှိသည်။

ထို့အတူ ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁၁ ရက်တွင် ၁,၃၂၉ ဒေါ်လာ မှ ၁,၄၀၆ ဒေါ်လာထိ မြင့်တက်လာခဲ့ရာ မြန်မာငွေကျပ် ၁၁၇,၀၀၀ ကျော် ထိ တစ်ရှိန်ထိုးတက်လာခြင်းဖြစ်သည်။

ဇွန်လ ပထမပတ်အစတွင် အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၀၆၀,၀၀၀ ကျပ်၊ ၁၅ပဲရည် ရွှေဈေးသည် ၉၉၈,၁၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေးသည် ၁,၃၂၃ ဒေါ်လာ အသီးသီး ရှိခဲ့သည်။

ဇွန်လ ဒုတိယပတ်အစတွင် အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၀၆၉,၅၀၀ ကျပ်၊ ၁၅ပဲရည် ရွှေဈေးသည် ၁,၀၀၇,၁၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေးသည် ၁,၃၂၉ ဒေါ်လာ အသီးသီးရှိခဲ့သည်။

ဇွန်လ တတိယပတ်အစတွင် အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၀၈၅,၅၀၀ ကျပ်၊ ၁၅ပဲရည် ရွှေဈေးသည် ၁,၀၂၂,၁၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေးသည် ၁,၃၄၆ ဒေါ်လာ အသီးသီးရှိခဲ့သည်။

ရွှေဆိုင်များကို အောက်က လင့်ခ် ထဲတွင် ၀င်ရောက်ရှာဖွေနိုင်ပါတယ်။

https://bit.ly/2QmRYRs

Read more>>> ယခုနှစ် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၂၀ဝ လက်ခံမည်


Read 296 times Last modified on Friday, 21 June 2019 14:09
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.