Thursday, 20 June 2019 15:14

UIT_New_Campus.jpg

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည့် မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ် စုစုပေါင်း ၄၅၀ နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။


အဆိုပါ တက္ကသိုလ်သို့ လျှောက်ထားမည့်သူများသည် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တစ်ခုခုဖြင့် ဖြေဆိုအောင်မြင်သူများ လျှောက်ထားနိုင်ကြောင်း ယင်းတက္ကသိုလ်က ကြေညာထားသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ကို ပထမ ဦးစားပေး လျှောက်ထားလိုပါက တက္ကသိုလ်ဝင်ခွင့် စာအိတ်ပေါ်တွင် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်နေရာ၌ အမှန်ခြစ်၍ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၊ ပါရမီလမ်း၊ တက္ကသိုလ်များ လှိုင်နယ်မြေ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်သို့ စာတိုက်မှဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။

သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၏ သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး အထူးပြုဘာသာရပ်အလိုက် အောင်မြင်သူများကို အောက်ပါ ကွန်ပျူတာဆိုင်ရာ ဘွဲ့တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

(၁) ကွန်ပျူတာသိပ္ပံဘွဲ့ (ပရိုဂရမ် အင်ဂျင်နီယာ)၊
(၂) ကွန်ပျူတာသိပ္ပံဘွဲ့ (စီးပွားရေးသတင်းအချက်အလက်စနစ်)၊
(၃) ကွန်ပျူတာသိပ္ပံဘွဲ့(စွမ်းရည်မြင့်တွက်ချက်မှုနည်းပညာ)၊
(၄) ကွန်ပျူတာနည်းပညာဘွဲ့ (မြှုပ်နှံထိန်းချုပ်စနစ်)၊
(၅) ကွန်ပျူတာနည်းပညာဘွဲ့ (ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ)၊
(၆) ကွန်ပျူတာနည်းပညာဘွဲ့ (ကွန်ပျူတာစနစ်ပညာ)
(၇) ကွန်ပျူတာသိပ္ပံဘွဲ့ (အသိပညာအင်ဂျင်နီယာ) ဘွဲ့တို့ဖြစ်သည်။

ယခုနှစ်အတွက် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများထဲမှ ဦးရေ ၂၀ဝ ကို ဝင်ခွင့်ပေးမည်ဖြစ်သည်။

ယခင်နှစ်က သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ကို ကျောင်းသား၊ ကျောင်း သူ ၂၀ဝ၀ ကျော်လျှောက်ထားခဲ့ပြီး ၂၀ဝ သာ ဝင်ခွင့်ပေးခဲ့သည်။

Read more >>> မန္တလေး အပါအဝင် အခြားမြို့များတွင် Myanmar Idol အသံစစ်ဆေးမယ့် နေ့ရက်နဲ့ နေရာများ

Source UIT 


Read 338 times Last modified on Friday, 21 June 2019 13:27
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.