Saturday, 15 June 2019 17:34

2_1.jpg

ဇွန်လမှ စတင်ပြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်နေပြီ ဖြစ်ကာ အခွန်တံဆိပ်ခေါင်းမကပ်ပေးပါက နီးစပ်ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဝယ်ယူသူများအနေဖြင့်လည်း ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် မိမိဝယ်ယူထားသည့် ပစ္စည်းတန်ဖိုးနှင့် ညီမျှသော အခွန်တံဆိပ်ခေါင်း ကပ်ထားသည့် ပြေစာကို တောင်းယူကြရန် သတိပေးကြေညာထားသည်။

ထို့ပြင် တင်သွင်းရောင်းချသူများနှင့် အရောင်းဆိုင်များမှ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော ပြေစာများ သို့မဟုတ် ကျသင့်ငွေနှင့် ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော ပြေစာများကို ထုတ်ပေးပါကလည်း သတင်းပေး တိုင်ကြားနိုင်ပြီး ဆုကြေးငွေ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

မည်သည့်အခွန်ရုံးတွင်မဆို တိုင်ကြားနိုင်ပြီး သတင်းပေးရာတွင်...
( ၁ ) ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန်/ လုံလောက်ရန် ကပ်နှိပ်ရန် ပျက်ကွက်သည့် ပြေစာမူရင်း
( ၂ ) ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်း ဖြစ်ပါက ထိုသို့ ပျက်ကွက်ကြောင်း ခိုင်လုံစွာ တင်ပြနိုင်သည့် လုံလောက်သော အထောက်အထား
( ၃ ) ဆုကြေးငွေ ထုတ်ပေးနိုင်ရန်အတွက် သတင်းပေး တိုင်ကြားသူ၏ မှတ်ပုံတင်မိတ္ထူ စသည့် အထောက်အထားများ ပါရှိရမည် ဖြစ်သည်။

ချီးမြှင့်သည့် ဆုကြေးငွေပမာဏသည် ပျက်ကွက်သည့်အခွန်နှင့် အကြိမ်အရေအတွက်ပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၂၀,၀၀၀ မှ ၁၀၀,၀၀၀ နှင့်အထက် ရရှိနိုင်မည်ဖြစ်သည်။

ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ အခွန်ပေးဆောင်ရသည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များ ရှိပါက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ မေးမြန်း စုံစမ်းနိုင်ပါသည်။

အဆိုပါ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာပေါ်တွင် အခွန်တံဆိပ် ကပ်နှိပ် ရောင်းချခြင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဇွန်လ ၁ရက်နေ့က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ >>> https://bit.ly/2N1v4vF

Read more >>> မြို့နယ်အလိုက် လွယ်ကူစွာ စစ်ဆေးနိုင်မည့် မီတာခ စစ်ပုံစစ်နည်းများ

 


Read 390 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.