Wednesday, 12 June 2019 16:51

5.jpg

မဟာမုနိဘုရားကြီးပရိဝုဏ်၏အနီးဝန်းကျင် တိုးတက်ရေးနှင့်အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးကားများ သွားလာမှုအဆင်ပြေစေရေးအတွက် ဘုရားပတ်လမ်းများကိုအဆင့်မြှင့်တင်တိုးချဲ့ ခင်းကျင်းလျက်ရှိကြောင်း သိရသည်။

""ဘုရားကြီးအရှေ့မုခ်ကနေ တောင်ဘက်လမ်းတစ်လျှောက် (၈၄) လမ်းအထိ နဂိုရှိနေတဲ့လမ်းအကျယ် ၁၈ ပေကနေ ၃၅ ပေ အကျယ်ဖြစ်အောင် လမ်းသားချဲ့ခင်းကျင်းလျက်ရှိရာမှ ကုန်ကျစရိတ်ကို မြို့တော်စည်ပင်နဲ့ တစ်ဝက်စီအကုန်အကျခံ ဆောင်ရွက်နေတာပါ။

တောင်ဘက်ပတ်လမ်း (၈၂) လမ်းကနေ (၈၄) လမ်းအထိမှာတော့ အဆင့်မြှင့်တင်လမ်းခင်းနေတဲ့လုပ်ငန်းက ၅၀ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီဖြစ်သလို လမ်းပေါ်မှာ ရေလျှံမှုတွေမဖြစ်ပွားစေဖို့အတွက် ရေမြောင်းအသစ်တွေ တူးဖော်ခြင်းနဲ့ မြောင်းဖုံးတွေဖုံးခြင်းတွေကိုပါ ထည့်သွင်းလုပ်ဆောင်နေပါတယ်။

ပရိဝုဏ်အနောက်မြောက်ထောင့်က သာသနာ ၂၅၀ဝ ဗိမာန် အနီးဝင်ပေါက်မှာလည်း မုခ်ဦးတံခါးပေါက်တစ်ခုကို ဇူလိုင်လအတွင်းမှာ စတင်ဆောက်လုပ်သွားမှာဖြစ်ပြီး

လုံခြုံရေးပိုင်းအားကောင်းစေဖို့ တံခါးပေါက်တွေမှာ ခေတ်မီလျှောတံခါးတွေတပ်ဆင်မှာဖြစ်သလို လုံခြုံရေးဝန်ထမ်းတွေကိုလည်း တိုးချဲ့ခန့်ထားသွားဖို့ရှိပါတယ်""ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးလင်းကပြောကြားသည်။

ဘုရားကြီးပရိဝုဏ်အတွင်းသို့ ယာဉ်များဝင်ရောက်နိုင်မည့် အရှေ့ဘက်ယာဉ်ရပ်နားစခန်းဝင်ပေါက်၊ မြောက်ဘက်မုခ်ဦးဝင်ပေါက်၊ တောင်ဘက်မုခ်ဦးဝင်ပေါက် တို့ရှိရာ မြောက်ဘက်နာရီစင်ဝင်ပေါက်မုခ်ဦးကို အကျယ် ၇၄ ပေ အကျယ်ရှိ ခေတ်မီတံခါးပေါက်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ပြန်လည်တည်ဆောက်မှုလုပ်ငန်းကို ဇွန်လဆန်းပိုင်းမှစတင်ဆောင်ရွက်နေတာဖြစ်သည်။

Read more >>> ဒီနေ့ထီထိုးမယ်ဆိုရင် ကံကောင်းစေမယ့်ဂဏန်းများ

ယာဉ်ကြောကျပ်တည်းမှု မရှိစေရေးအတွက် မော်တော်ယာဉ်ဝင်ပေါက်တစ်ပေါက်၊ ဆိုင်ကယ်ဝင်ပေါက်နှစ်ပေါက်နှင့် လူဝင်ပေါက်နှစ်ပေါက်ပါဝင်မည်ဖြစ်သည်။

ယာဉ်အဝင်အထွက်အတွက် ခေတ်မီအာရုံခံစနစ်ပါ မောင်းတံဂိတ်များကို ပြောင်းလဲအသုံးပြုခြင်းနှင့် ပရိဝုဏ်ဝန်းကျင်ရှိလမ်းများကို တစ်လမ်းမောင်းမှ နှစ်လမ်းမောင်းသို့ ပြန်လည်သတ်မှတ်ပေးခြင်းတို့ကြောင့် ပရိဝုဏ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ သိသာစွာ လျော့ကျလာပြီဖြစ်ကြောင်း သိရသည်။

Source Democracytoday


Read 567 times Last modified on Thursday, 13 June 2019 11:57
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.