Monday, 10 June 2019 17:50

thunder.jpg

ယခုနှစ်မိုးရာသီတွင် မိုးကြိုးအန္တရာယ်မှ ကာကွယ်နိုင်ရန် အလွယ်တကူ လိုက်နာနိုင်သော အချက်များကို အောက်တွင်ဖော်ပြထားပါသည်။

အဆောက်အဦးအတွင်း ရောက်ရှိနေပါက အောက်ပါတို့ကို ရှောင်ရှားပါ။

(၁) ကြိုးဖုန်းများအသုံးပြုခြင်း
(၂) ရေချိုးခြင်း/အ၀တ်လျှော်ခြင်း
(၃) ရေဖြင့်လက်ဆေးခြင်း
(၄) ရေဖြင့် စားသောက်ပန်းကန်များ ဆေးကြောခြင်း (အဓိကအားဖြင့် ရေနှင့်ဆက်စပ်သောအလုပ်များ)
(၅) သတ္ထုဖြင့် ပြုလုပ်ထားသော တံခါးမကြီး၊ ပြူတင်းပေါက်ဘောင်၊ လျပ်စစ်ဝါယာကြိုးလိုင်း၊ တယ်လီဖုန်းလိုင်းကြိုး၊ တီဗွီလိုင်းကြိုး၊
(၆) နံရံတွင် ပလပ်ထိုးအသုံးပြုရသော လျပ်စစ်အသုံးအဆောင်ပစ္စည်းများ
(၇) တံခါး၊ ပြတင်းပေါက် အနီးတွင် နေထိုင်ခြင်း
(၈) ဆင်ဝင်/ ဖိနပ်ချွတ်အောက်တွင် နေထိုင်ခြင်း

ပြင်ပတွင်ရောက်ရှိနေပါက အောက်ပါတို့ကို ရှောင်ရှားပါ။

(၁) ကုန်းမြင့်နဲ့ကွင်းပြင်များ (ထီးတည်းတည်ရှိနေသောသစ်ပင်များ)
(၂) အကာအကွယ်မဲ့သော လေသာဆောင်များ
(၃) လယ်တဲ/ဇရပ် စသည့်အဆောက်အဦးငယ်များ
(၄) မိုး/ပျော် ပွဲစား ခိုနားနေဆောင်များ
(၅) ဘေ့စ်ဘော နားနေကျင်းများ
(၆) ဆက်သွယ်ရေးတာဝါတိုင်များ
(၇) အလံတိုင်များ
(၈) မီးတိုင်များ
(၉) ပြင်ပအကာအကွယ်မဲ့ သစ်သား/သံဖြင့် ပြုလုပ်ထားသာ အားကစားပွဲကြည့်စင်များ
(၁၀) သတ္ထုဖြင့်ပြုလုပ်ထားသော ခြံစည်းရိုးများ
(၁၁) အမိုးဖွင့်ကားများ
(၁၂) ဂေါက်သီး (လူ/ပစ္စည်း) စသည်တို့ သယ်ယူရန်သုံးသော စက်တပ်ယာဉ်များ
(၁၃) ရေ (ပင်လယ်၊ သမုဒ္ဒယာ၊ရေကန်၊ရေကူးကန်၊ မြစ်၊ ချောင်း၊ စသဖြင့်)
(၁၄) သတ္ထုအရိုးကိုင်းများဖြင့် ပြုလုပ်ထားသော ထီးများ

မိုးကြိုးအန္တရာယ်နှင့် ကြုံတွေ့နေရစဉ် မော်တော်ကားကို တံခါးအလုံပိတ်၍ ကားအတွင်းနေထိုင်ခြင်းသည် မိုးကြိုးပစ်ခံရခြင်း အန္တရာယ် လျော့နည်းတတ်ပါသည်။ Mobile Phone အသုံးပြုခြင်းသည်လည်း မိုးကြိုးအန္တရာယ် မဖြစ်စေတတ်ပါ။

Source U Htun Lwin

Read more >>> ဖန်တီးမှုအသစ်များနှင့် “Reno Art Tour” ကို OPPO မှ ပြုလုပ်ခဲ့

 


Read 401 times Last modified on Monday, 10 June 2019 18:03
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.