Wednesday, 05 June 2019 16:54

us-dollar-exchange-in-vietnam-192.jpeg

မေလနဲ့ ဇွန်လအစ ဒေါ်လာဈေး အတက်အကျ အခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။

မေလ ၂ ရက်နေ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်များအရ ဒေါ်လာငွေ လဲလှယ်နှုန်းဟာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၂၃ ကျပ် ရှိခဲ့ပြီး ဇွန်လအစမှာ ၁၅၃၂ ကျပ် ဖြစ်လာခဲ့ပါတယ်။

မြန်မာငွေ ၉ ကျပ်ခန့်သာ မြင့်တက်လာခြင်း ဖြစ်ပြီး မေလအတွင်းမှာ ဒေါ်လာဈေး ထိုးတက်သွားတာမျိုး၊ ထိုးကျသွားတာမျိုး မရှိပဲ ပုံမှန်အတိုင်း ဈေးငြိမ်နေတာကို တွေ့ရပါတယ်။

ယနေ့ ဇွန်လ ၅ ရက်နေ့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ဒေါ်လာဈေးနှုန်းက ၁၅၂၈ ကျပ် ( အရောင်း/အဝယ် ) ဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေထက်စာရင်တော့ ဈေးအနည်းငယ် ပိုများလေ့ ရှိပါတယ်။

ဧရာဝတီဘဏ် - AYA Bank မှာဆိုရင် ၁၅၁၈ ကျပ် ( အဝယ်) နဲ့ ၁၅၂၄ ကျပ် ( အရောင်း )၊
ကမ္ဘောဇဘဏ် - KBZ Bank မှာဆိုရင် ၁၅၁၂ ကျပ် ( အဝယ်) နဲ့ ၁၅၂၅ ကျပ် ( အရောင်း )၊
သမဝါသမဘဏ် - CB ဆိုရင် ၁၅၂၄ ကျပ် ( အဝယ်) နဲ့ ၁၅၂၈ ကျပ် ( အရောင်း ) စသဖြင့် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းဝယ်နေပါတယ်။

ဇွန်လထဲမှာလည်း လက်ရှိနှုန်းအတိုင်း ဆက်လက် အရောင်းအဝယ် ပြုလုပ်နိုင်မယ့် အနေအထားရှိပြီး ဈေးအတက်အကျ အနည်းငယ်သာ ရှိနေနိုင်ပါတယ်။

ဘဏ်တွေရဲ့ ဖုန်းနံပါတ်နှင့် လိပ်စာများ >>> https://bit.ly/30VPBdp

Read more >>> (၆.၆.၂၀၁၉ မှ ၁၂.၆.၂၀၁၉) အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်စာကံကြမ္မာ

 


Read 210 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.