Tuesday, 04 June 2019 14:18

maxresdefault.jpg


OPPO Reno series အသစ်ဖြစ်သော Hybrid Zoom ၁၀ ဆထိချဲ့နိုင်သော Reno 10x Zoom နှင့် Reno စမတ်ဖုန်း တို့ကို မြန်မာနိုင်ငံဈေးကွက်တွင် မကြာမီအချိန်အတွင်း မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ စမတ်ဖုန်းသုံးစွဲသူများ၏ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့သော OPPO သည် အရည်အသွေး၊ လက်ရာနှင့် တစ်မူထူးခြားမှုတို့ကို အလေးပေးထားသော ကိုယ်ပိုင်အမှတ်တံဆိပ်အသစ် တစ်ခုကို မကြာခင်က ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၏ Counterpoint Research report အရ ကမ္ဘာ့စမတ်ဖုန်းလောကတွင် အတိုးတက်ဆုံးသော စမတ်ဖုန်းဖြစ်လာခဲ့သည့် အလျောက် OPPO သည် flagship စမတ်ဖုန်းလောကကို စတင်ချင်းနင်း ဝင်ရောက်လာခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာပေါ်တွင် အလှဆုံး စမတ်ဖုန်း ဟုသတ်မှတ်ထားကြသည့် OPPO Find X ကို မိတ်ဆက်ပေးခဲ့ပြီးနောက် စမတ်ဖုန်းချစ်သူများ၏ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါသည်။

ယခုအခါ 5G စမတ်ဖုန်းဖြစ်သော Reno 5G နှင့် ကမ္ဘာ့ပထမဆုံးသော 7nm အသုံးပြုထားသည့် Reno series ကို တရုတ်၊ ဥရောပ နှင့် အိန္ဒိယ၌ အသီးသီး မိတ်ဆက်ပေးခဲ့ပြီးသည့်နောက် OPPO Reno 5G သည် ဥရောပဈေးကွက်၌ ပထမဆုံးရောင်းချသည့် စမတ်ဖုန်းဖြစ်လာခဲ့ပါသည်။

မြန်မာနိုင်ငံတွင်လည်း အူရီးဒူးမြန်မာနှင့် ZTE Coporation တို့ ပူးပေါင်းပြီး 5G ကွန်ရက်ဖြန့်ကျက်နိုင်ရန် လေ့လာစမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိပါသည်။

ထို့ကြောင့် မကြာမီနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်လည်း 5G ကွန်ရက်ဖွံ့ဖြိုးလာပြီး OPPO Reno 5G ကဲ့သို့ 5G စမတ်ဖုန်းများလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တော့မည် ဖြစ်ပါသည်။

Read more >>> No Mercy Night Presents Return Of No Mercy Night

ယခုအခါတွင် OPPO မှ အဆင့်မြှင့်စမတ်ဖုန်းဖြစ်သော OPPO Reno series အသစ်အား မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးတော့မည် ဖြစ်သည်။

OPPO Reno series အသစ်တွင် Reno နှင့် Reno 10x zoom ဟူ၍ နှစ်မျိုး ထွက်ရှိလာမည် ဖြစ်ကာ စမတ်ဖုန်းနှစ်မျိုးလုံးတွင် screen-to-body ratio 93.1% ရှိသော Panoramic Screen နှင့် soft light ပါဝင်သည့် ကမ္ဘာ့ပထမဆုံးသော Pivot Rising Camera ပါဝင်လာမည် ဖြစ်ပါသည်။

ထို့အပြင် Reno နှင့် Reno 10x zoom နှစ်မျိုးလုံး တွင် In-display fingerprint 2.0 နှင့် face unlock လည်း ပါဝင်လာမည် ဖြစ်သည်။

OPPO Reno ၏ အနောက်ဘက် camera တွင် F/1.7 Aperture ပါဝင်သော 48MP Sony IMX 586 camera အပြင် Ultra Night Mode လည်းပါဝင်လာပါသည်။

Storage အနေနှင့်လည်း 8GB+128GB အထိပါဝင်လာပြီး 3765 mAh Battery နှင့် မိနစ်၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မည့် VOOC 3.0 အမြန်အားသွင်းစနစ်လည်း ထည့်သွင်းပေးထားပါသည်။

OPPO Reno 10x zoom တွင် ၁၀ ဆထိချဲ့နိုင်သော 10x Hybrid zoom နှင့် 60x Digital zoom တို့အပြင် F/1.7 aperture နှင့် 48MP Sony IMX 586 main camera, 8MP 120° Wide-Angle camera တို့ကိုလည်း တပ်ဆင်ပေးထားပါသည်။

ထို့အပြင် Snapdragon 855 ပါဝင်လာသောကြောင့် OPPO Reno 10x zoom ၏လုပ်ဆောင်ချက်များသည် ပိုမိုသွက်လက်မြန်ဆန်စေပါသည်။

4065mAh Battery ကိုအသုံးပြုထားပြီး ဘက်ထရီအားသက်သာစေသည့် 7nm အဆင့်မြင့်နည်းပညာသုံး Octa Core CPU ကိုတပ်ဆင်ပေးထားသည့်အပြင် စွမ်းအင်ကိုချွေတာပေးနိုင်သည့် စနစ်ကိုပါ ထပ်လောင်းထည့်သွင်းပေးထားသည့်အတွက် ဘက်ထရီအားကုန်ခြင်းကို သက်သာစေမှာ ဖြစ်ပါသည်။

မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ >>> https://bit.ly/2LZ33EH


Read 201 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.