Print this page
Friday, 31 May 2019 17:39

a.jpg

ဗြိတိသျှနိုင်ငံအခြေစိုက်ဖြစ်သော နိုင်ငံတကာအဆင့်မီကျောင်းတစ်ခုဖြစ်သည့် Dulwich College Yangon (DCY) တွင် နိုင်ငံတကာအဆင့်မီ ကျောင်းအိပ် ကျောင်းစားဘော်ဒါဆောင် (International Boarding School) ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Boarding School သည် သန်လျင်မြို့တွင်တည်ရှိသော ကြယ်စင်အိမ်ယာ (Star City) အိမ်ယာအတွင်းတွင် တည်ရှိပြီး အသက် ၁၁ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအဖို့ ဒါဟာ ထူးခြားပါတယ်၊ နိုင်ငံတကာအဆင့်မီ ပညာရေးကို နိုင်ငံတကာအဆင့်မီ ကျောင်းအိပ်ကျောင်းစားအဆောင်တွေနဲ့ စီစဉ်ပေးတာမျိုး ဘယ်ကျောင်းမှာမှ မရှိသေးပါဘူး” ဟု Dulwich College Yangon ရဲ့ ကျောင်းအုပ်ကြီး Mr. Daryl Orchard က ပြောသည်။

Boarding School အနေနှင့် အမျိုးအစားသုံးမျိုးရှိပြီး ကျောင်းကိုအချိန် ပြည့်တက်ရောက်ကာ ရည်ရှည်ကျောင်းပိတ်ရက်နှင့် တရားဝင် ပိတ်ရက်များမှာသာ အိမ်ပြန်သော ကျောင်းသားကျောင်းသူများအတွက် အချိန်ပြည့်ဘော်ဒါကျောင်း (Full Time Boarder) ၊

တနင်္လာမှ သောကြာအထိသာ အဆောင်တွင်နေပြီး စနေ၊ တနင်္ဂနွေ အိမ်ပြန်သော စာသင်သားများအတွက် အပတ်စဉ်ဘော်ဒါကျောင်း (Weekly Boarder) နှင့်

အခြေအနေပေါ်တွင် မူတည်ပြီး တစ်ပတ်တွင် တစ်ည သို့မဟုတ် နှစ်ည သာလာရောက်နေနိုင်သည့် Flexi Boarding အဆောင်တို့ရှိကြောင်းသိရသည်။

Dulwich College Yangon အနေဖြင့် ဘော်ဒါဆောင်ကို ယခုနှစ် သြဂုတ်လမှ စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

Source pyi myanmar

Read more >>> (၁၀) ရက်အတွင်း ဒေါ်လာငွေ လဲလှယ်နှုန်း မြန်မာငွေ ၁၈,၀၀၀ ဝန်းကျင် ကျဆင်း

 


Read 226 times Last modified on Friday, 31 May 2019 17:58
Rate :
(0 votes)

Related items