Print this page
Thursday, 30 May 2019 13:36

img.jpeg

ကျပ်တစ်ထောင်တန်ထီ ဒုတိယအမြင့်ဆုံးဆုကို ကျပ်သိန်း တစ်သောင်း တိုးမြှင့်သတ်မှတ်ကြောင်း အောင်ဘာလေသိန်းဆုဌာနက ကြေညာသည်။

ယခင်က ကျပ်တစ်ထောင်တန် အောင်ဘာလေထီ အမြင့်ဆုံးဆုသည် ကျပ်သိန်းတစ်သောင်းခွဲဖြစ်ပြီး ဒုတိယအမြင့်ဆုံးဆုကို ကျပ်သိန်းငါးထောင် သတ်မှတ်ရာမှ ဇွန်လ ၁ ရက်တွင် ဖွင့်မည့်ထီ၏ ဒုတိယအမြင့်ဆုံးဆုကို ပြောင်းလဲတိုးမြှင့်ကြောင်း အောင်ဘာလေသိန်းဆုဌာန၏ ကျပ်တစ်ထောင်တန် ထီဖွင့်လှစ်မှုနှင့်ပတ်သက်၍ ယမန်နေ့ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

ယင်းထီဖွင့်ပွဲတွင် အထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်း ငါးထောင်ဆု၊ ကျပ်သိန်းတစ်သောင်းဆု၊ ကျပ်သိန်းငါးထောင်ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု၊ ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာဆု၊

ကျပ်သိန်းနှစ်ရာဆု၊ ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်သိန်းနှစ်ဆယ်ဆု၊ ကျပ်တစ်ဆယ်သိန်းဆု၊ ကျပ်ငါးသိန်း ဆုမဲများနှင့် ဝေဝေဆာဆာဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်းဆု၊ ကျပ်တစ်သိန်းဆုနှင့်

ကျပ်ငါးသောင်းဆုမဲများ ဖွင့်လှစ်ပေးမည်ဟု ကြေညာထားကာ ဆုမဲအရေအတွက်ကိုမူ ဖော်ပြခြင်းမရှိပေ။

‘‘ထီဆုပုံစံပြောင်းလဲလိုက်တာကြောင့် စိတ်ဝင်စားဖို့တော့ ကောင်းလာတယ်။ ဆုမဲအရေအတွက်ကတော့ ပြောင်းသွားမယ် ထင်တယ်’’ဟု ထီရောင်းဝယ်ရေး လုပ်ငန်းရှင် ကိုအောင်ခိုင်ဝင်းက ပြောသည်။

ထို့အပြင် မေလတွင် ကျပ်တစ်ထောင်တန် ထီလက်မှတ် စောင်ရေ ငါးသန်းခွဲကျော် စံချိန်တင် လက်ကျန်ဖြစ်ခဲ့သည်ဟု ကြေညာချက်၌ ဆက်လက်ဖော်ပြထားသည်။

မေလအတွင်း ထီလက်မှတ် အုပ်ရေ ၃ ဒသမ ၅ သန်းကျော် ရိုက်နှိပ်ရောင်းချသော်လည်း အုပ်ရေသုံးသန်းကျော်သာ အမှန်တကယ်ရောင်းချနိုင်ခဲ့ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက မေလ ၂၉ တွင်ထုတ်ပြန်သည်။

မေလကုန်ရက်အထိ ရောင်းချနိုင်ခြင်းမရှိသည့် ထီလက်မှတ် အုပ်ရေ ၅၀၆,၀၃၃ အုပ်ရှိကာ ထီတစ်အုပ်လျှင် ၁၁ စောင်ရှိ၍ ရောင်းမကုန်သည့် ထီလက်မှတ် ၅ ဒသမ ၅ သန်းကျော်ရှိသည်။

Read more >>> မေလ (၃၀)ရက်နေ့တွင် မိုးဇလမှ ထုတ်ပြန်သည့် မိုးလေ၀သအခြေအနေများ

ထိုသို့ ထီလက်မှတ်စောင်ရေ ငါးသန်းကျော်အထိ လက်ကျန်ဖြစ်ပေါ်မှုသည် ကျပ်တစ်ထောင်တန်ထီ ဖွင့်လှစ်သည့် လေးလအတွင်း အများဆုံးဖြစ်သည်။

ကျပ်တစ်ထောင်တန်ထီ စတင်ဖွင့်လှစ်သည့် ဖေဖော်ဝါရီက လက်ကျန်မရှိဘဲ မတ်လတွင် စောင်ရေ ၄ ဒသမ ၄ သန်းကျော် နှင့် ဧပြီတွင် စောင်ရေ ၂ ဒသမ ၈ သန်းခန့် လက်ကျန်ဖြစ်ပေါ်ခဲ့သည်။

ဆုမဲများဖွင့်လှစ်ရာ၌ အထူးဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်ပါက ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ဝေဝေဆာဆာ ဆုမဲစနစ်တွင် ရောင်းမကုန် ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက အဆိုပါ ဆုမဲတန်ဖိုးများစုပေါင်းပြီး အခြားသင့်လျော်သော ဆုမဲများ အစားထိုးပြန်လည်ဖွင့်လှစ်ပေးမည်ဟု ကြေညာထားသည်။

အောင်ဘာလေသိန်းဆုဌာနသည် ယခင်ထီလက်မှတ်တစ်စောင် ကျပ်ငါးရာမှ ကျပ်တစ်ထောင်တန်ထီ ပြောင်းလဲခဲ့သော်လည်း ထီလက်မှတ်အက္ခရာလုံးရေနှင့် ထုတ်လုပ်ရောင်းချသည့် စောင်ရေ လျှော့ချခြင်းမရှိပေ။

ထီကံစမ်းသူများကမူ ထီလက်မှတ်တရားဝင်ဈေးနှုန်း နှစ်ဆမြင့်တက်ခြင်းကြောင့် စောင်ရေလျှော့ချကံစမ်းလာကြောင်း ထီလုပ်ငန်းရှင်များက ဆိုသည်။

ထိုသို့ ထီလက်မှတ် လက်ကျန်ဖြစ်ပေါ်သော်လည်း ဝယ်ယူရန် စာရင်းပေးထားသူများက ပေးသွင်းထားသည့် အာမခံငွေကို သိမ်းယူမည်ဖြစ်၍ နိုင်ငံတော်အနေဖြင့် ထီလက်မှတ် ရိုက်နှိပ်ခဆုံးရှုံးခြင်းမရှိကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

Source 7day daily

ထီဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များ >>> https://bit.ly/30SUrrI

 


Read 239 times Last modified on Thursday, 30 May 2019 13:58
Rate :
(0 votes)

Related items