Wednesday, 29 May 2019 18:44

555.jpg

(၃၀.၅.၂၀၁၉ မှ ၅.၆.၂၀၁၉) အထိ ဒေါက်တာလင်းမြတ်သူ၏ တစ်ပတ်စာကံကြမ္မာ ကိုဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ

ယခုကာလအတွင်း မိမိ၏လိုလားမှုလိုအပ်ချက်အတွက် စကားများစွာပြောဆိုရခြင်းမျိုး ရှိနေရပါလိမ့်မည်။
ကိုယ်တိုင်ကြိုးစားအားထုတ်၍ လုပ်ကိုင်ဆောင်ရွက်ရာမှ ဥစ္စာပစ္စည်းများ အစုလိုက်အပြုံလိုက်ဝင်လာပါလိမ့်မည်။
အကုန်အကျများ၍ အသုံးအဖြုန်းကြီးမားမှု ဖြစ်နေရပါလိမ့်မည်။
အချစ်ရေးတွင် အမှန်အတူရှောင်ထွက်၍ မရနိုင်သော လက်တွဲဖော်နှင့် တစ်သက်အမြဲပျော်ရွှင်စွာ ပူးပေါင်းနိုင်စေမည့် အခွင့်အရေးကောင်းများ ရရှိလာပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့နံနက်တွင် အိမ်ကဘုရား၌ မလိုင်မုန့်ကပ်လှူပေးပါ။

တနင်္လာ

စီးပွားရေးလုပ်ငန်းကိစ္စများတွင် မိမိကအပင်ပန်းခံ၍ လုပ်ကိုင်သလောက် အရာမရောက်ဖြစ်ပေါ်နေရပါလိမ့်မည်။
ဌာနဆိုင်ရာအတွင်း၌လည်းကောင်း၊ လုပ်ငန်းခွင်များတွင်လည်းကောင်း အမှားအယွင်းပြဿနာဖြစ်ပေါ်နေတတ်ပါသည်။
မလွဲမသွေ ငွေကြေးကုန်ကျစရာကိစ္စများ ပေါ်ပေါက်လာပါလိမ့်မည်။
ကတိဝန်ခံမှု၊ စာချုပ်စာတမ်းများတွင် လက်မှတ်ရေးထိုးမှုများ မပြုသင့်သောအချိန်ဖြစ်ပါသည်။
ဖက်စပ်စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်ခံစားခွင့်ရရှိနိုင်ပါသည်။
အချစ်ရေးတွင် လွယ်ရာစည်းရုံး၍ တွယ်တာနည်းသုံးတတ်ပါသော အချစ်မုဆိုးများနှင့် မထင်မှတ်ပါဘဲ ဆုံတွေ့ရတတ်ပါ၍ သတိထားသင့်ပါသည်။
ယတြာ ။ ။ မွေးနေ့တွင် ငါးခူခြောက်ကောင်လွှတ်၍ ကုသိုလ်ပြုပါ။

အင်္ဂါ

မိမိ၏အရည်အချင်းကောင်းများဖြင့် အမျိုးအနွယ်၏ ဂုဏ်ကျက်သရေ တိုးမြှင့်နိုင်ပါလိမ့်မည်။
မိဘ၏အမွေအနှစ်များလည်း ရရှိခံစားရပါလိမ့်မည်။ သက်ဆိုင်ရာအကြီးအကဲများ၏ ချစ်ခင်မြတ်နိုးခြင်း ခံရစေတတ်ပါသည်။
ဖခင်၏ကျန်းမာရေးအတွက် အနီးကပ်စောင့်ရှောက်မှုပြုရပါလိမ့်မည်။ အိုး၊ အိမ်၊ မြေရာ ဝယ်ယူပိုင်ဆိုင်မှု ရရှိစေတတ်ပါသည်။
စီးပွားရေးလုပ်ငန်းပိုင်းတွင်း နည်းပညာအသစ်များ၊ အဆက်အသွယ်ကောင်းများ ရရှိပါလိမ့်မည်။
အိမ်ထောင်ဖက်၏ကျန်းမာရေး ဂရုစိုက်ရန်လိုပါသည်။ အချစ်ရေးတွင် အတိတ်အနွယ်လှည့်ကာဖြင့် အဓိပ္ပာယ်မဲ့စွာ စွပ်စွဲပြောဆို၍ အနိုင်ယူလိုသော ချစ်သူမျိုးနှင့် ဆုံရပါလိမ့်မည်။
ယတြာ ။ ။ မိဘများအား ပဲပြုတ်နှင့် နံပြား အာဟာရဒါနပြုပေးပါ။

ဗုဒ္ဓဟူး

မိမိ၏ကိုယ်ပိုင် အရည်အချင်းဖြင့်ဦးဆောင်၍ လုပ်ကိုင်သင့်သောအချိန်ဖြစ်ပါသည်။
မိမိထက်အဆင့်အတန်းနိမ့်သော၊ မျိုးရိုးညံ့သောသူတို့နှင့် ပူးပေါင်းနေမိပါလိမ့်မည်။
အလိုလိုနေရင်းမှ မာနကြီးနေခြင်းမျိုး၊ စိတ်ကြီးဝင်နေခြင်းမျိုးလည်း ဖြစ်ပေါ်နေမိပါလိမ့်မည်။
မိမိ၏စိတ်ကို တည်ငြိမ်မှု၊ တည်တံ့မှုရရှိစေရန် ကြိုးစားပေးပါ။ အိမ်ထောင်ဖက်၏ကျန်းမာရေးအတွက် ဘာသာရေးများများလိုက်စားရန် တိုက်တွန်းပေးပါ။
တစ်ပါးသူ၏လိုအပ်ချက်များအပေါ်တွင် စဉ်းစားဖြည့်ဆည်းပေးလိုခြင်းထက် မိမိ၏လိုအပ်ချက်ကိုပြေလည်အောင် အရင်စဉ်းစားပါ။
အချစ်ရေး၌ ချစ်သူ၏အမြင်အတွေ့တွင် အပူမိစေသောစိုးရိမ်မှုများနှင့်အတူ မိမိနှင့်အတူရှိနေသောသူနှင့် စွပ်စွဲပြောဆိုခံရစေခြင်းမျိုး ကြုံရပါလိမ့်မည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ခမောက်တစ်ခု လက်ဆောင်ပေးလိုက်ပါ။

ကြာသပတေး

လတ်တလောဖြစ်ပေါ်နေပါသော စီးပွားရေးကိစ္စများတွင် စည်းစနစ်ကျစွာဖြင့် တိတိကျကျဖြေရှင်းမှုပြုနိုင်ပါလိမ့်မည်။
မိမိအတွက် အရှေ့အရပ်နှင့် မြောက်အရပ်တို့မှ စုတ်ကောင်း၊ လာဘ်ကောင်းများဝင်လာပါလိမ့်မည်။
မိတ်ကောင်း၊ ဆွေကောင်း၊ သူတော်ကောင်းတို့၏ မင်္ဂလာရှိသော အဖိုးထိုက်တန်သော စကားလက်ဆောင်၊ ကတိလက်ဆောင်များ ကြားနာခွင့်ကြုံရပါလိမ့်မည်။
စနေနံ၊ ဗုဒ္ဓဟူးနံများနှင့် ပတ်သက်၍ စိတ်တိုင်းမကျမှု၊ နစ်နာဆုံးရှုံးမှုများ ကြုံရစေတတ်ပါသည်။
အချစ်ရေးတွင် ချစ်သူထံ၌ ဥပေက္ခာနှင့် အမုန်းသည် သူ့ဘက်မှာတည်ရှိနေမည်မှန်း မသိခဲ့ရခြင်းအတွက် တင်ကြိုမှန်းဆ၍ ရင်ဖိုလွမ်းရသော ခံစားချက်များအပေါ်တွင် နောင်တရ၍ မဆုံးနိုင်အောင် ဖြစ်ကုန်နေရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် မုန့်ဟင်းခါးတစ်ပွဲနှင့် မန္တလေးပဲကြော် ဒါနပြုပေးပါ။

သောကြာ

စီးပွားရေးကိစ္စများတွင် ဝင်ငွေနည်းခြင်း၊ အရှုံးပေါ်ခြင်းများ၊ ကြုံတွေ့ခံစားရစေတတ်ပါသည်။
ငွေကြေးအဆင်မပြေမှုအပေါ်တွင် အိမ်ထောင်ဖက်နှင့် ညှိနှိုင်းမရသောပြဿနာများ ဖြစ်ရတတ်ပါသည်။
ပညာရေးကိစ္စများတွင် သိလျက်နှင့် ကြိုးစားချင်စိတ်ရှိပါလျက်နှင့် စိတ်လေနေမိပါလိမ့်မည်။
မိမိမကျူးလွန်သော ကိစ္စတစ်ခုအတွက် စွပ်စွဲပြောဆိုခံရခြင်းမျိုး ဖြစ်ရစေတတ်ပါသည်။ ရေချိုးမှားတတ်ပါသည်။
လေနှင့်ဆိုင်သောရောဂါ ဝေဒနာခံစားရတတ်ပါသည်။ ဝင်ငွေအစုလိုက်အပြုံလိုက် ခံစားခွင့်ရှိနေပါသည်။ ထီထိုးပေးပါ။
အချစ်ရေးတွင် သံယောဇဉ်အဖော်အဖြစ် အမှန်သဘောဝင်ပေါ်ပေါက်မှုရှိ မလာခဲ့ပါလျှင် ပုတီးကိုင်၍ စိတ်အမြန်ပြောင်းပြီး နိဗ္ဗာန်အကြောင်း စဉ်းစားရန်သာ ရှိနေပါလိမ့်မည်။
ယတြာ ။ ။ ကလေးသုံးယောက်အား သကြားကပ်ပေါင်မုန့် ဒါနပြုပေးပါ။

စနေ

မိမိ၏မျှတစွာ လုပ်ကိုင်ဆောင်ရွက်ပြောဆိုတတ်မှုများကြောင့် ကူညီပံ့ပိုးမှုများဖြင့် မကြာခဏဆိုသလိုပင် ပြည့်စုံနေရပါလိမ့်မည်။
အထူးသဖြင့် တနင်္ဂနွေနှင့် ကြာသပတေးသားသမီးများ၏ အကူအညီများစွာ ရရှိစေတတ်ပါသည်။
ရည်ရွယ်ချက်ကြီးမားစွာမျှော်လင့်ထားသော စီးပွားရေးလုပ်ငန်းများကို အလွယ်တကူ ဆုံးဖြတ်၍ အကောင်အထည်ဖော်ရန် ခက်ခဲနေရပါလိမ့်မည်။
သည်းခံ၍ အခွင့်အရေးကောင်းအား စောင့်မျှော်လုပ်ကိုင်ရန်လိုအပ်ပါသည်။ သေချာသောကိစ္စတစ်ခုအတွက် ဆုံးဖြတ်ချက်တွေဝေနှောင့်နှေးစေခြင်းမျိုး မဖြစ်ပါစေနှင့်။
အချစ်ရေးတွင် ဆွဲမလိုနှင့်ဖယ်၍၊ လွဲမလိုနှင့်နွယ်ရပါသောအချစ်ရေးအတွက် ကျေနပ်ပျော်ရွှင်စရာဖြင့် ဝမ်းသာပီတိ ခံစားနေရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့နံနက်အတွက် ခိုငှက်ကလေးများအား အာဟာရဒါနပြုပေးပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊
ဒေါက်တာလင်းမြတ်သူ ( 09 253817608 )


Read 711 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.