Tuesday, 28 May 2019 16:25

mandalay-school.jpg


မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၅၁၁ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ယခုနှစ်ကျောင်းအဆင့်တိုးစာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းပေါင်း ၅၁၁ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိရာတွင် အမက(ခွဲ) ၂၄ ကျောင်း၊ အမက ၂၄ ကျောင်း၊ မူလွန်ကျောင်း ၈ဝ၊ အလက(ခွဲ) ၉၈ ကျောင်း၊ အလက ၁၁၄ ကျောင်း၊ အထက(ခွဲ) ၁၅၂ ကျောင်း၊ အထက ၁၉ ကျောင်းတို့ ပါဝင်သည်။

ထိုသို့ကျောင်းအဆင့်တိုးရာတွင် မန္တလေးခရိုင်၌ အထက လေးကျောင်း၊ အထက(ခွဲ) လေးကျောင်း၊ အလက သုံးကျောင်း၊ အလက(ခွဲ) တစ်ကျောင်း၊

မိတ္ထီလာခရိုင်၌ အထက လေးကျောင်း၊ အထက(ခွဲ) ၃၂ ကျောင်း၊ အလက ၂၃ ကျောင်း၊ အလက(ခွဲ) ၁၄ ကျောင်း၊ မူလွန်ကျောင်း ၁၇ ကျောင်း၊ အမက ခြောက်ကျောင်း၊ အမက(ခွဲ) ငါးကျောင်း၊

ညောင်ဦးခရိုင်၌ အထကနှစ်ကျောင်း၊ အထက(ခွဲ) ၄၀၊ အလက ၁၉ ကျောင်း၊ အလက(ခွဲ) ၁၈ ကျောင်း၊ မူလွန် ကိုးကျောင်း၊ အမကတစ်ကျောင်း၊ အမက(ခွဲ) တစ်ကျောင်း၊

ရမည်းသင်းခရိုင်၌ အထက သုံးကျောင်း၊ အထက(ခွဲ) ၁၄ ကျောင်း၊ အလက ၂၀၊ အလက(ခွဲ) ၁၇ ကျောင်း၊ မူလွန် ၁၆ ကျောင်း၊ အမက ရှစ်ကျောင်း၊ အမက(ခွဲ) ကိုးကျောင်း၊

မြင်းခြံခရိုင်၌ အထက(ခွဲ) ၂၅ ကျောင်း၊ အလက ၁၅ ကျောင်း၊ အလက(ခွဲ) ၁၂ ကျောင်း၊ မူလွန် ခြောက်ကျောင်း၊ အမက တစ်ကျောင်း၊ အမက(ခွဲ) နှစ်ကျောင်း၊

ပြင်ဦးလွင်ခရိုင်၌ အထက ငါးကျောင်း၊ အထက(ခွဲ) ၂၈ ကျောင်း၊ အလက ၂၆ ကျောင်း၊ အလက(ခွဲ) ၂၇ ကျောင်း၊ မူလွန်ကျောင်း ၂၀၊ အမက ခုနစ်ကျောင်း၊ အမက(ခွဲ) လေးကျောင်း၊

ကျောက်ဆည်ခရိုင်၌ အထက တစ်ကျောင်း၊ အထက(ခွဲ) ကိုးကျောင်း၊ အလက ရှစ်ကျောင်း၊ အလက (ခွဲ) ကိုးကျောင်း၊ မူလွန် ၁၂ ကျောင်း၊ အမက တစ်ကျောင်း၊ အမက(ခွဲ) သုံးကျောင်းတို့ ဖြစ်ကြောင်း သိရသည်။

Source Mirror news

အခြေခံပညာကျောင်းများ၏ ဖုန်းနံပါတ်နှင့်လိပ်စာများ >>> https://bit.ly/2QrVjPx

 


Read 351 times Last modified on Tuesday, 28 May 2019 17:06
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.