Tuesday, 28 May 2019 11:32

 

2019-2020.jpg
“၂၀၁၉-၂၀၂၀ ပညာသင်နှစ်” တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို လုံလောက်စွာ ဖြန့်ဝေပေးလိုပါသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန် ပညာရေးဝန်ကြီးဌာန ကထုတ်ပြန်ကြေငြာသည်။

ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း၊ ကျောင်းအပ်နှံနှုန်းမြင့်မားလာခြင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်း တို့ကြောင့် ကျောင်းအလိုက်ချမှတ်ပေးထားသော ပြဋ္ဌာန်းစာအုပ်များ မလောက်မင မဖြစ်စေရန် မိမိနေထိုင်ရာ နယ်မြေများတွင်သာ ကျောင်းအပ်နှံမှုပြုလုပ်ကြပါရန်နှင့်

မိဘ၊ အုပ်ထိန်းသူများ နှင့် ကျောင်းအုပ် ဆရာ၊ ဆရာမများ ပူးပေါင်းပါဝင် ဆွေးနွေးဆောင်ရွက်ရမည့် အချက်များမှာ

(၁) ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန်။

(၂) အသက် ၅ နှစ် ပြည့်သူတိုင်းအား သူငယ်တန်း(KG) တွင်လည်းကောင်း၊ အသက် ၆ နှစ်ပြည့်သူတိုင်းအား ပထမတန်း (Grade-1) တွင်လည်းကောင်း၊ ကျောင်းနေအရွယ်ခလေး အားလုံးကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။

(၃) မိဘများအနေဖြင့် မိမိသားသမီးအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်သော တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေရန်အတွက် ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ပါရန်။

(၄) ဇွန်လမှ မတ်လအထိ ကျောင်းသားကျောင်းသူများ ကျောင်းတက်မှန်ရေးနှင့် အိမ်စာမှန်မှန်လုပ်ဆောင်ရေးအတွက် မိဘများက ကြီးကြပ်၍ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပေးပါရန်။

(၅) သက်ဆိုင်ရာအတန်းများအလိုက် အခန်းဆုံးစစ်ဆေးခြင်းများကို ၂၀၁၉-ခုနှစ် ဇူလိုင်လ/ဩဂုတ်လတွင် တစ်ကြိမ်နှင့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်လယ်စစ်ဆေးခြင်းကို အောက်တိုဘာလတွင် တစ်ကြိမ်၊
နှစ်ဆုံးစစ်ဆေးခြင်းကို ၂ဝ၂ဝ ခုနှစ် မတ်လတွင် တစ်ကြိမ် စုစုပေါင်း (၄)ကြိမ်သာ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကျောင်းသားကျောင်းသူများ သင်ယူတတ်မြောက်မှု ကောင်းမွန်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပေးပါရန်။

(၆) ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရေး မိမိသား၊ သမီးများကို တိုက်တွန်းအားပေးပါရန် နှင့် မိဘဆရာအသင်းနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါရန်။

(၇) မူလတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းကျောင်းသား ကျောင်းသူများအားလုံးစာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာ တွက်ချက်တတ်ရန်အတွက် အလေးအနက်ထားဆောင်ရွက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်နှင့် မျှဝေခြင်းဆိုင်ရာ အစီအစဉ်တွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပါရန်။

(၈) မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။

Read more >>> လာမည့်မိုးရာသီတွင် ပုံမှန်ထက်မိုးများနိုင်၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင်က တိုက်တွန်း

(၉) ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးများကို ကျောင်းအုပ် ဆရာ၊ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။

(၁၀) ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှု ပပျောက်စေရေး နှင့် မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန် စသည်တို့ဖြစ်သည်။

အသိပေးတိုင်ကြားလိုသည့်ကိစ္စရပ်များအား ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော် (သို့မဟုတ်) [email protected] edu.mm သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။

ပညာရေးမှူးရုံးများ >>> https://bit.ly/2oRXyOW

 


Read 208 times Last modified on Tuesday, 28 May 2019 11:58
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.