Monday, 27 May 2019 15:41

wea.jpg

အနောက်တောင် မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသသို့ စတင်ဝင်ရောက်နေ၍ မိုးကြိုးနှင့် လေပြင်းအန္တရာယ် သတိပြုရန် နှင့် လာမည့်မိုးရာသီတွင် ပုံမှန်ထက်မိုးများနိုင်၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင်က တိုက်တွန်းသည်။

‘‘လာမယ့်ဇူလိုင်နဲ့ သြဂုတ်လထဲမှာ မိုးများမယ့် အနေအထားတွေ ခန့်မှန်းရရှိထားတယ်။

ရေဘေးကို အခုကတည်းက ကြိုတင်ပြင်ဆင်မှု လုပ်ထားဖို့လိုတယ်’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က တိုက်တွန်းသည်။

လက်ရှိကာလ၌ အနောက်တောင် မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသသို့ စတင်ဝင်ရောက်နေပြီး ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တွင် မိုးတိမ်တောင် လက္ခဏာဖြစ်သော မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နေသည်။

မုတ်သုံဝင်ပြီးနောက် စတင်မည့် မိုးဦးကာလ (ဇွန်လ) တွင် မိုးနည်းနေရာမှ ဇူလိုင်နှင့်သြဂုတ်အတွင်း မိုးများနိုင်ပြီး ရေဘေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ပညာရှင်က သတိပေးသည်။

Read more >>>  ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရာတွင် အခမဲ့ထောက်ပံ့မှု တန်ဖိုးများ

ဇူလိုင်လသည် ပထမရေကြီးကာလဖြစ်ပြီး တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသအများအပြားတွင် ဆိုးရွားသော ရေဘေးကို နှစ်စဉ် ကြုံတွေ့နေရသည်။

ယခုနှစ် မိုးရာသီတွင် အနောက်တောင် မုတ်သုံလေ၀င်ရောက်မှု ၁၅ ရက်ခန့်နောက်ကျခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်ပါဝင်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၂၀ ရက်မှသာဝင်ရောက်ခဲ့သည်။

လတ်တလောကာလ၌ မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက်ပြီးနောက် အလယ်ပိုင်းဒေသ၊ မေလကုန်ဇွန်လဆန်းတွင် အထက်ပိုင်းဒေသများသို့ ဆက်လက်ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

အနောက်တောင်မုတ်သုံလေ ၀င်ရောက်ရာလမ်းကြောင်းတစ်လျှောက် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းတို့ ဖြစ်ပေါ်နိုင်သော မိုးတိမ်တောင်အန္တရာယ် သတိပြုရန်လိုအပ်နေသည်။

Source 7 day news


Read 292 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.