Saturday, 25 May 2019 14:07

school.jpg


ကျောင်းဖွင့်ရာသီအတွက် ကျောင်းဝတ်စုံ အရောင်းဆိုင်များတွင် တိုက်ရိုက်ဝယ်ယူမှုထက် Online မှတစ်ဆင့်မှာယူသူ ပိုမိုများပြားလာကြောင်း မန္တလေးမြို့ ဈေးချိုတွင် အထည်ဆိုင် ဖွင့်လှစ်ရောင်းချသည့် ဦးတင်ဝင်းက ပြောသည်။

ယခင်နှစ်များက ကျောင်းဝတ်စုံများ ရောင်းချရာတွင် ဆိုင်များ၌ တိုက်ရိုက်လာရောက် ဝယ်ယူသူများဖြင့် စည်ကားနေသော်လည်း ယခုနှစ်တွင် Online မှတစ်ဆင့် ဝယ်ယူသူ ပိုမိုများပြားလာခြင်းကြောင့် အရောင်းဆိုင်များတွင် ဝယ်ယူသူနည်းပါးသွားသော်လည်း ရောင်းအားမှာ ယခင်နှစ်များအတိုင်း ပုံမှန်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ်မှာ ကျောင်းဖွင့်ရာသီအတွက် ကျောင်းဝတ်စုံဝယ်ယူမှုက ပုံစံနည်းနည်းပြောင်းသွားတယ်။ ဆိုင်မှာ တိုက်ရိုက်လာဝယ်တာထက် Online ကနေမှာယူတာက ပိုများနေတာကိုတွေ့ရတယ်။

မန္တလေးမြို့တွင်းကလည်း မှာယူမှုတွေရှိသလို နယ်ဒေသအတော်များများက မှာယူသူတွေ ပိုများလာတယ်။ ဒါ့အပြင် ဒီနှစ်ရဲ့ ထူးခြားချက်က မိဘတွေအနေနဲ့ ကိုယ့်သားသမီးအတွက် အရည်အသွေးကောင်းပြီး ကြာရှည်ခံတဲ့ ကျောင်းဝတ်စုံတွေပဲ ရွေးချယ်ဝယ်ယူလာတာကို တွေ့ရတယ်။

ယခင်နှစ်တွေက ကျောင်းဖွင့်ချိန်နီးမှ ဝယ်ယူမှုတွေရှိကြပေမယ့် ဒီနှစ်ကတော့ မေလဆန်းလောက်ကတည်းက ကြိုတင်ပြီး ဝယ်နေကြတာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။

Read more>>>ငယ်ဘ၀တုန်းကလို ကြည်နူးလွမ်းမောဖွယ် ရသမျိုးကို ခံစားရစေမဲ့ Aladdin

ယခုနှစ်အတွက် ကျောင်းဝတ်စုံ ဒီဇိုင်းများပြောင်းလဲထွက်ရှိမှုအနေဖြင့် ငါးနှစ်အရွယ် အမျိုးသားကလေးငယ်များအတွက် အရည်အသွေးကောင်းမွန်သည့် ထိုင်းနိုင်ငံထုတ် ပုဆိုးများထွက်ရှိလာသည့်အပြင် အမျိုးသမီးများအတွက် ဒီဇိုင်းအမျိုးအစားပေါင်း ၃၀ ခန့်ထွက်ရှိလာပြီး

ရောင်းချသည့်ဈေးနှုန်းများအနေဖြင့် မူလတန်းအဆင့်အရွယ်အတွက် ကျောင်းဝတ်စုံတစ်ထည်လျှင် အနိမ့်ဆုံးကျပ် ၂၀၀၀ မှ အရည်အသွေးပေါ်မူတည်၍ ကျပ် ၄၀၀၀ နှင့် အမြင့်ဆုံးကျပ် ၆ဝဝဝ နှုန်းအထိ ရောင်းချပေးသည့်အပြင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဝတ်စုံအရွယ်အစားပေါ်မူတည်၍ တစ်ထည်လျှင် ကျပ် ၂၀၀ နှုန်းဈေးမြှင့်ကာ အမြင့်ဆုံးဈေး ကျပ် ၈၀၀၀ ခန့်အထိရှိကြောင်းသိရသည်။

“ကျွန်တော်တို့ဆိုင်မှာ အရည်အသွေးကောင်းတဲ့ ထိုင်းနိုင်ငံထုတ်ကျောင်းဝတ်စုံတွေပဲ အဓိကရောင်းချပေးပါတယ်။ ဒီနှစ်မှာ ထိုင်းနိုင်ငံက ငါးနှစ်အရွယ် ကလေးဝတ်ပုဆိုးအသစ်တွေ ဝင်လာတယ်။

ရောင်းဈေးကတော့ မူလတန်းအဆင့် တစ်ထည်ကို ကျပ် ၃၈၀၀ နှုန်း၊

အလယ်တန်းအဆင့် ကျပ် ၅၀၀၀ ကျော်နဲ့ အထက်တန်းအဆင့်က ကျပ် ၆၀၀၀ နှုန်းနဲ့ ရောင်းပါတယ်။

ကျောင်းဝတ်စုံဈေးကလည်း မနှစ်ကထက် တစ်ထည်ကို ကျပ်၃၀၀ လောက် ဈေးမြင့်သွားပါတယ်” ဟု ဦးတင်ဝင်းက ဆက်လက်ပြောသည်။

အဆိုပါကျောင်းဝတ်စုံဖြန့်ချိရေးဆိုင်က Online မှ မှာယူမှုအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့က အများဆုံးမှာယူကြပြီး အခြားနယ်မြို့များမှလည်း မှာယူမှုများရှိသည့်အပြင် ကိုယ်ပိုင်ကျောင်းများကလည်း အရောင်မတူသည့် ကျောင်းဝတ်စုံများအား လက်ကားစနစ်ဖြင့် ဝယ်ယူမှုများရှိကြောင်း သိရသည်။

Source Mirror daily

 

ကျောင်းဝတ်စုံဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များ >>> https://bit.ly/2YLfz1l

 


Read 288 times Last modified on Saturday, 25 May 2019 15:18
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.