Thursday, 23 May 2019 14:28

hotel.jpg


မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ်တိုးပွားလာမှု နှင့်အတူ ဟိုတယ်လုပ်ငန်းများလည်း အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ခိုင်ကပြောသည်။

“မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းကို ၂၀၀၂ ခုနှစ်ကဆိုတော့ ယခုဆိုရင် သက်တမ်းအားဖြင့် ၁၇ နှစ်ရှိပါပြီ။

ဟိုတယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပံ့ပိုးပေးနေတဲ့ အသင်းကြီးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယနေ့အထိ ဟိုတယ်အလုံးပေါင်း ၁၂၈၆ လုံးရှိပါတယ်။

ဒါက Private ဖြစ်ပါတယ်။ နိုင်ငံခြားနဲ့ဖက်စပ်ကတော့ ၂၆ လုံးရှိပါတယ်။ ဆီဒိုးနားတို့လို၊ ဆူးလေရှန်ဂရီလာလို၊ ဟိုတယ်တွေပါ အားလုံးပေါင်းလိုက်မယ်ဆိုရင် ၁၃၁၂ လုံးရှိပြီးတော့ ဟိုတယ်အခန်းပေါင်း ၇ဝဝဝဝ ကျော်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ဟိုတယ်ကဏ္ဍဟာ တိုးတက်ပြောင်းလဲလာတာကို ပြသနေခြင်းဖြစ်ပါတယ်”ဟု ဦးကျော်ခိုင်က Food & Hotel Myanmar စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုအခါ ဟိုတယ်ဇုန်များအလိုက်ရှိပြီး ဟိုတယ်ဇုန် ၁၉ ခုရှိကြောင်း၊ ရှမ်းပြည်နယ်၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပုသိမ်ဇုန်၌ ငွေဆောင်၊ ချောင်းသာရှိပြီး

မန္တလေးဇုန်၊ ပုဂံဇုန်၊ စစ်ကိုင်းဇုန်၊ အင်းလေးဇုန် အစရှိသဖြင့် ဇုန်များအလိုက်တည်ရှိပြီး ခရီးသွားဒေသများ သတ်မှတ်ကာဆောင်ရွက်လျက်ရှိသည်။

Read more>>>အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး show တစ်ခုဖြစ်အောင် ကျင်းပမဲ့ Sai Sai Mandalay show

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်မှုမှာလည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ခရီးသွားဦးရေ ၃ ဒသမ ၅ သန်းလာရောက်ခဲ့ကြောင်း၊

လေကြောင်းခရီးဖြင့် ပြည်ပခရီးသွား ဝင်ရောက်မှုသည် ယခုအခါတွင် ၂၀၁၇-၂၀၁၈ ခုနှစ်၌ ခရီးသည် အဝင်/အထွက်ခြောက်သန်းနီးပါးခန့်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထိုသို့ ခရီးသွားများ လာရောက်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်ဆောင်ရွက်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာတစ်ဝန်းမှ ခရီးသွားများ လာရောက်မှု ခုနစ်သန်း အထိလာရောက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူထံမှသိရသည်။

မကြာမီ ရန်ကုန်၌ကျင်းပမည့် Food &Hotel ပြပွဲကြီးသည် နိုင်ငံပေါင်း ၂၁ နိုင်ငံမှပါဝင်ပြသမည် ဖြစ်၍ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အစားအသောက်များပြုလုပ်ပုံ၊ ဟိုတယ်ဆိုင်ရာ နည်းပညာများရရှိမည် ဖြစ်ကြောင်းသိရသည်။

Source myawady

 

ဟိုတယ်နဲ့ ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းများကို အောက်က လင့်ခ် ထဲမှာ ၀င်ရောက်ရှာဖွေနိုင်ပါတယ်...

https://bit.ly/30ACdLL

 

 


Read 255 times Last modified on Thursday, 23 May 2019 16:33
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.