Wednesday, 22 May 2019 17:01

sanda_muni.jpg


မန္တလေးမြို့ ကုသိုလ်တော်ဘုရားရှိ ဓမ္မစေတီတော်များကို ၂၀၁၈ခုနှစ်တွင် ထုံးသင်္ကန်းကပ်လှူပြီးစီးခဲ့ပြီး စန္ဒာမုနိဘုရားရှိ ဓမ္မစေတီ ၇၅၈ဆူ ကိုလည်း ယခုနှစ် ဧပြီလဆန်းမှ စတင်ကပ်လှူခဲ့ရာ သုံးလအတွင်း အပြီးကပ်လှူသွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ကုသိုလ်တော်ဘုရားရှိ ဓမ္မစေတီတော်များနှင့် စန္ဒာမုနိဘုရားရှိ ဓမ္မစေတီတော်များကို ထုံးသင်္ကန်းကပ်လှူသည့် အလှူရှင်မှာ ကျောက်ဆည်မြို့ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံမှ အလှူရှင်တစ်ဦးတည်းဖြစ်ကြောင်း၊

တံတိုင်းများနှင့် မုခ်ဦးများကိုလည်း အဆိုပါ အလှူရှင်က ဆက်လက်လှူဒါန်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“စန္ဒာမုနိဘုရားက ဓမ္မစေတီတွေကို ပြီးခဲ့တဲ့လကတည်းကစပြီး ထုံးသင်္ကန်းကပ်နေတာပါ။ အခုဆို အဆူ ၂၀၀ကျော်လောက် ပြီးနေပြီ။

သူတို့ပစ္စည်း၊ သူတို့လူ လုပ်အားနဲ့ပဲ လုပ်သွားတာပါ။ ကျွန်တော်တို့ ဂေါပကအဖွဲ့က အလှူခံတာ မဟုတ်ပါဘူး။

အလှူရှင်က သူ့ဟာနဲ့သူ သဒ္ဓါတရားထက်သန်ပြီး လှူဒါန်းတာပါ။ ထုံးသင်္ကန်းကပ်တာ ကြာချိန်ကိုတော့ သုံးလအတွင်း အပြီးလုပ်ဆောင်သွားမယ်လို့ ရည်မှန်းထားပါတယ်”ဟု ဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်သန်းက ပြောပြသည်။

ကုသိုလ်တော်ဘုရားရှိ ဓမ္မစေတီတော်များကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလက စတင်လုပ်ဆောင်ခဲ့ပြီး ယခုနှစ် မတ်လပိုင်းက ရေစက်ချပွဲပြုလုပ်ခဲ့ကာ ကုန်ကျငွေမှာ ငွေကျပ် ၁၉၄သိန်းကုန်ကျကြောင်း၊

စန္ဒာမုနိဘုရားရှိ ဓမ္မစေတီတော်များကို ယခုနှစ် ဧပြီလဆန်းပိုင်းမှ စတင်ကပ်လှူခဲ့ပြီး ဇွန်လတွင် အပြီးကပ်လှူသွားမည် ဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ငွေ ကျပ်သိန်း ၁၇ဝဖြစ်ကြောင်း သိရသည်။

Read more>>> (၂၃.၅.၂၀၁၉ မှ ၂၉.၅.၂၀၁၉) အထိ တစ်ပတ်စာ ကံကြမ္မာ

စန္ဒာမုနိဘုရားကြီးတွင် လက်ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံက ဓမ္မစေတီများကို ထုံးသင်္ကန်းကပ်ခြင်းအပြင် အလှူရှင်ဦးဝင်းဆွေ နှင့် ဇနီးဒေါ်တင်တင်ခိုင် (BOC ကုမ္ပဏီ)ကလည်း ဘုရားကြီးအား ထီးတော်သစ်တင်လှူခြင်းနှင့် ပထမဆုံးအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်သန်းက ပြောပြ၍ သိရသည်။

Source yadanar bon news


Read 149 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.