Wednesday, 22 May 2019 15:14

astro.jpg


(၂၃.၅.၂၀၁၉ မှ ၂၉.၅.၂၀၁၉) အထိ ဒေါက်တာလင်းမြတ်သူ၏ တစ်ပတ်စာ ကံကြမ္မာ ကိုဖော်ပြပေးလိုက်ပါတယ်။

**တနင်္ဂနွေ**

အရာရာတွင် မိမိမှဖြစ်ချင်သော ဆန္ဒများသာလွန်စွာ များပြားနေရပါလိမ့်မည်။ တစ်ပါးသူမှ အမုန်းသဘောအပြစ်ဝင်၍ ကုန်းချောဖြစ်စဉ်မျိုး ကြုံရစေတတ်ပါသည်။
မိမိမကျွမ်းကျင်သော မော်တော်ကား၊ မြေ၊ တိုက်ခန်း စသည့်လုပ်ငန်းများအား လုပ်ကိုင်မိပါက နစ်နာဆုံးရှုံးဖြစ်ရစေတတ်ပါသည်။
ငွေကုန်များပြားသည့်အပြင် စာရင်းမဲ့ ကုန်ကျမှုများလည်း ရှိနေပါလိမ့်မည်။ ဒေါသဖြင့် ဖြေရှင်းနေရသောပြဿနာများ မကြာခဏ ကြုံရတတ်ပါသည်။
အရာရာတွင် မေတ္တာဖြင့် အနိုင်ယူခြင်းမျိုးသာ ဖြစ်နေသင့်ပါ သည်။ အချစ်ရေးတွင် လက်ဆောင်များစွာဖြင့် တစ်ရက်မရှောင် အနားလာ၍ အချစ်ဋီကာ ဖွဲ့ဆိုတတ်သူမျိုးဖြင့် ဆုံတွေ့ကြည်နူးစရာ ကြုံရပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့နံနက်တွင် သရက်သီး ၃ လုံး ကပ်လှူပေးပါ။

 

**တနင်္လာ**


စီးပွားရေးလုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များ၊ အောင်မြင်တိုးတက်မှု ရရှိပါလိမ့်မည်။ ယခင်ကမရခဲ့ဘူးသော လာဘ်လာဘများရရှိလာတတ်ပါသည်။
ရာထူးတိုးစာမေးပွဲများတွင် ဖြေဆိုအောင်မြင်မှုရရှိပါလိမ့်မည်။ မိမိပြောဆိုသမျှအောင်မြင်၍ ဩဇာတည်မြဲမှုရှိစေမည်ဖြစ်ပါသည်။
ရုပ်ရှင်လုပ်ငန်း၊ ဂီတအနုပညာလုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေသော ကာလမျိုးဖြစ်ပါသည်။
ဟန်ဆောင်လှည့်ဖြားတတ်သော မိတ်ဆွေအတုများနှင့် ကြုံရတတ်ပါသဖြင့် သတိပြုရန်လိုပါသည်။
အချစ်ရေးတွင် ချစ်သူမှ မိမိအပေါ်တွင် စိတ်ယိုင်စွာ အပေးအယူမျှတ၍ ဘေးလူအားကျစေမည့် အရည်အချင်းနှင့် ပြည့်စုံနိုင်စေရန် ကြိုးစားနိုင်ဖို့လိုပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့တွင် ငါးနှင့်လိပ်များကို အာဟာရဒါနပြုပေးပါ။

 

**အင်္ဂါ**


မိမိအနေဖြင့် မိတ်ဆွေများအပေါ်တွင် သဘောရွံ့သလို အနေအထားရှိသည့်အပြင် နှမြောတွန့်တိုကပ်စေးနဲမိခြင်း မျိုးလည်းဖြစ်နေရပါလိမ့်မည်။
တရားမဝင်သော စီးပွားရေးရောင်းဝယ်မှုများ ပြုရပါလိမ့်မည်။ သူတစ်ပါး၏အရေးကိစ္စများတွင် ပါဝင်စွက်ဖက်မှုပြုမိနေတတ်ပါသည်။
မိမိအနေဖြင့် နည်းမတွေ့ဖြစ်နေရပါသော အသိုင်းအဝိုင်းများကြားတွင် ငြီးငွေ့ထိုင်းမှိုင်းမှု ဖြစ်နေရပါလိမ့်မည်။
စိတ်ဓာတ်နှင့် အတွေးအခေါ်ပိုင်းတွင် တစ်ခါတစ်ရံ ကလေးဆန်သလိုဖြစ်နေရတတ်ပါသည်။
အချစ်ရေးတွင် ချစ်သူသည် သိက္ခာအကြည့်ဖြင့် စိတ်မှာအရှိအတိုင်း ပွင့်လင်းစွာပြောဆိုတတ်သူမျိုးနှင့် လက်တွဲရပါလိမ့်မည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ပဲနံပြားတစ်ပွဲ ဒါနပြုပေးပါ။

 

**ဗုဒ္ဓဟူး**


မည်သည့်ကိစ္စတွင်မဆို စီးပွားရေးဆန်ဆန်ဖြင့် လုပ်ကိုင်နေမိပါလိမ့်မည်။ ငွေကြေးဥစ္စာပစ္စည်းများအား ချွေတာစုဆောင်းမှုပြုမိပါလိမ့်မည်။
မိမိအနေဖြင့် အငြိမ်မနေတတ်၊ တစ်ခုခုကို လှုပ်လှုပ်ရှားရှားဖြင့် လုပ်ကိုင်ဆောင်ရွက်နေရမှ ကျေနပ်နေမိတတ်သည်။
သူတစ်ပါးအပေါ်တွင် ယုံမှားသံသယစိတ်ရှိနေတတ်သည်။ မိမိ၏ လုပ်ကိုင်ဆောင်ရွက်မှုများအား ပင်ပန်းငြီးငွေ့ဖွယ်ရာ လုပ်ကိုင်နေရပါလိမ့်မည်။
မိမိ၏နှုတ်ထွက်စကားဟူသမျှတွင် ရှေ့နောက်ညီညွတ်မှုမရှိပါဘဲ ဖြစ်နေရတတ်ပါသည်။
အချစ်ရေး၌ ချစ်သူ၏အသွင်အပြင်နှင့် အပြုအမူသည် ဆင်ခြင်မှုအစွန်မှတစ်ဆင့် ခင်မင်မှုနယ်ဘောင်သို့ ကျော်လာနေပြီ မှန်းသိသာနေရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့ဂြိုဟ်တိုင်တွင် ရွှေရောင်ထီးတစ်လက် ကပ်လှူပေးပါ။

 

**ကြာသပတေး**


ကြီးကျယ်သောကိစ္စများကို တာဝန်ကျေပွန်စွာဖြင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မှုပြုရပါလိမ့်မည်။
မိမိကိုယ်မိမိလည်း ယုံကြည်စိတ်ချမှု အပြည့်အဝရှိနေသော ကာလဖြစ်ပါသည်။ စားကောင်းသောက်ဖွယ်များ အလျှံပယ်ပေါကြွယ်ဝစွာ စားသောက်မှုပြုရပါလိမ့်မည်။
မိမိအနေဖြင့် ပေါင်းသင်းဆက်ဆံရေးတွင် အထူးကောင်းမွန်၍ အကင်းပါးသူဖြစ်သည်။
ဆန့်ကျင်ဘက်လိင်များ၏ မလိုမုန်းတီးခြင်းမျိုး ကြုံတွေ့ခံစားရစေတတ်ပါသည်။ အိပ်ရေးပျက်မခံပါနှင့်။
အချစ်ရေးတွင် သီးခြားစနစ်မတူပါသော်လည်း ရည်းစားချစ်သူတစ်ဦးနှင့် လက်တွဲဖော်အဖြစ် မထင်မှတ်ပါဘဲ ဖူးစာဆုံရခြင်း ကြုံရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် မုန့်ဟင်းခါးတစ်ပွဲ ဒါနပြုပေးပါ။

 

**သောကြာ**


မိမိ၏မာနကြောင့် တစ်ပါးသူများနှင့် ပြောဆိုဆက်ဆံရာတွင် အဆင်မပြေဖြစ်ရခြင်းများ ရှိစေရတတ်ပါသည်။
သားသမီးများနှင့်ပတ်သက်၍ လွန်ကဲသော ဦးစားပေးလိုက်လျောမှုမျိုး မပြုသင့်ပါ။
အဆင်မပြေသော ဆက်ဆံရေးရှိသည့်တိုင် ပုံမှန်အတိုင်းဖြင့်သာ ဆက်ဆံပြောဆိုပါ။
မတော်တဆထိခိုက်ဒဏ်ရာ ရစေတတ်ပါသည်။ မိမိအိမ်တွင် သူခိုးကပ်တတ်ပါသည်။
တန်ဖိုးရှိသောအရာများ ပျက်စီးဆုံးရှုံးမှုဖြစ်ရစေတတ်ပါသည်။
အချစ်ရေးတွင် ချစ်သူ၏အပြုအမူသည် အနေမတတ်ဟန်ပန်ဖြင့် အပြောအဆိုခက်ထန်မှုများ ရှိနေခဲ့ပါသော်လည်း မိမိအနေဖြင့် ကျေနပ်မြန်ဆန်စွာ စွန့်လွှတ်နိုင်ရန် သတ္တိမဲ့နေခြင်းမျိုး ဖြစ်တည်နေရပါလိမ့်မည်။
ယတြာ ။ ။ ရေသန့်ဘူးကြီးတစ်ဘူး ဒါနပြုပေးပါ။

Read more>>>ရန်ကုန် ၊ မန္တလေး အဆင့်မြင့်ရုပ်ရှင်ရုံများတွင် တစ်ပတ်အတွင်း ပြသမည့် ဇာတ်ကား ( ၁၂ ) ကား

 

**စနေ**


ဘ၀၏အောင်မြင်မှုများ ရရှိတတ်ခြင်းနှင့် ဂုဏ်ပြုခံရခြင်းတို့ ကြုံရစေတတ်ပါသည်။
အခွင့်အရေးကောင်းများရခဲ့သော် မိမိရရဖြင့် ရယူဖြစ်ရန် ကြိုးစားပါ။
မိတ်ဆွေကောင်းများနှင့် ဆက်နွယ်ပတ်သက်မှုပြုရပါလိမ့်မည်။ ငယ်ရွယ်သူများနှင့် စီးပွားစပ်တူလုပ်ကိုင်သူများ ပို၍ကံကောင်းစေရပါလိမ့်မည်။
မိမိတစ်ဦးတည်း၏ စိတ်ကူးဖြင့် မည်သည့်အလုပ်ကိုမျှ မလုပ်မိပါစေနှင့်။ သားသမီးရတနာတိုးပွားမှု ဖြစ်စေပါလိမ့်မည်။
အချစ်ရေးရွေးချယ်ရာတွင် အကြားအမြင် အသွင်အသိ၌ စကားဆင်ခြင် ပြောဆိုနိုင်စွမ်းရှိစေသည့် ချစ်သူမျိုးဖြင့်သာ လက်တွဲနိုင်ရန် ကြိုးစားပါ။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ပေါင်မုန့်ထောပတ်သုတ်တစ်ပွဲ ဒါနပြုလိုက်ပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊

ဒေါက်တာလင်းမြတ်သူ ( 09 253817608 )


Read 814 times Last modified on Wednesday, 22 May 2019 16:15
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.