Tuesday, 21 May 2019 16:25

children_myanmar.jpg

အခုနှစ် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူတွေအတွက် ကျောင်းဝတ်စုံတွေ မပေးတော့ပဲ ဗလာစာအုပ် ၆ အုပ်ပေးမယ်လို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

ကျောင်းဝတ်စုံတွေ မပေးတော့ပဲ ဗလာစာအုပ်တွေ တိုးပေးဖို့ စီစဉ်နေပါတယ်၊ ကျောင်းဝတ်စုံတော့ မပေးတော့ပါဘူး လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှတ်- ၄ အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းအုပ်ကြီးများနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပညာရေး ဝန်ကြီးဌာနအနေနဲ့ ကျောင်းဝတ်စုံတွေကို အခမဲ့ ပေးအပ်တာဖြစ်ပြီး ကျောင်းဝတ်စုံ ၁ စုံကို ၁၅၀၀ ကျပ်နှုန်း နဲ့ တွက်ချက်ပြီး ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ ကျောင်းဝတ်စုံ ထောက်ပံ့ပေးဖို့ ဘတ်ဂျက်ပိုင်းမှာ အားနည်းမှုတချို့ ရှိနေတာကြောင့်ကျောင်းဝတ်စုံအစား ဗလာစာအုပ် ၆ အုပ်စီ ပေးဖို့စီစဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျောင်းဝတ်စုံတွေကို အခမဲ့ပေးတာဆိုတော့ အပြင်မှာ ကျောင်းဝတ်စုံ တစ်စုံရဲ့ တန်ဖိုးက အနည်းဆုံး ၄၅၀၀ လောက်မှ အဆင်ပြေတယ်၊

ပြီးတော့ ကျောင်းတွေကမှာတဲ့ ဆိုဒ်တွေ အတိုင်းပို့ရတာဆိုတော့ မှားပို့မိပြန်တော့လည်း အဆင်မပြေတာတွေ ဖြစ်ရတယ်။

အဲဒါကြောင့် ဒီနှစ်မှာ မပေးတော့ပါဘူး "လို့ အခြေခံပညာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အရင်နှစ်တွေက ကျောင်းအပ်နှံချိန်မှာ သူငယ်တန်း (KG) မှ စတုတ္ထတန်း(Grade-4) အထိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေပေးခဲ့တာ ဖြစ်ပါတယ်။

ပထမတန်းကနေ စတုတ္ထတန်းအထိ ကျောင်းဝတ်စုံအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံနဲ့ ဗလာစာအုပ် ခြောက်အုပ်စီကို အခမဲ့ဖြန့်ဝေပေးပြီး

ပဉ္စမတန်းကနေ ဒသမတန်းအထိ ကျောင်းသားအားလုံးအတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တစ်စုံစီ အခမဲ့ဖြန့်ဝေပေးတာ ဖြစ်တယ်။

အခုနှစ်မှာတော့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းဝတ်စုံ မပေးတော့ပဲ ဗလာစာအုပ် ၆ အုပ် အစားထိုးပေးမှာဖြစ်ပြီး ကျန်အတန်းတွေကိုတော့ ပုံမှန်ပေးအပ်နေတဲ့အတိုင်း ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Read more>>>အနောက်တောင် မုတ်သုံလေ ယခင်နှစ်ထက် ၁၅ ရက် နောက်ကျပီးမှ စတင်ဝင်ရောက်လာ

ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်နေစဉ်အတွင်း ကျောင်းအုပ်ကြီးတွေ ၊ ဆရာ၊ ဆရာမတွေ အားလုံးနဲ့ အရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာရမယ့် အချက်တွေ မိဘများသို့ မေတ္တာရပ်ခံချက်တွေ အသိပေးလှုံ့ဆော် မှုတွေလည်း တစ်ပြိုင်တည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source kumudra


Read 324 times Last modified on Tuesday, 21 May 2019 16:44
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.