Monday, 20 May 2019 12:52

body.jpg


(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (WBPF) ဥက္ကဌ Mr. DATUK PAUL CHILUA က ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ဝင်များအား WBPF ဂုဏ်ထူးဆောင်ဆုများ ကိုပေးအပ်ခဲ့သည်။

ထို့နောက် ဗိုလ်လုပွဲများ ဆက်လက်ကျင်းပရာ အမျိုးသား ၂၁ နှစ်အောက် အငယ်တန်း ကာယဗလမောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကပထမနှင့် တတိယ၊ ထိုင်းနိုင်ငံက ဒုတိယ၊

အကြီးတန်း ကာယဗလမောင် ၅၅ ကီလိုတန်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပထမနှင့် တတိယ၊ ထိုင်းနိုင်ငံက ဒုတိယ၊

၆၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပထမ၊ ဗီယက်နမ်နိုင်ငံက ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယ၊

၆၅ ကီလိုတန်း ကာယဗလမောင် ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံက ပထမ၊ ဗီယက်နမ်နိုင်ငံက ဒုတိယနှင့် မြန်မာနိုင်ငံက တတိယ၊

၇၀ ကီလိုတန်း ကာယဗလမောင် ပြိုင်ပွဲတွင် ဘရူနိုင်းနိုင်ငံက ပထမ၊ မြန်မာနိုင်ငံက ဒုတိယနှင့် တတိယ၊

အမျိုးသား ၄၅ နှစ်နှင့်အထက် သက်ကြီးတန်း ကာယဗလမောင်(Mnsfer Men's) ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံက ပထမ၊ မြန်မာနိုင်ငံက ဒုတိယနှင့် တတိယ၊

အမျိုးသား ၁၇ဝ စင်တီမီတာ အောက် (Men's Sport Physique) ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက ဒုတိယနှင့် တတိယ၊

အမျိုးသား ၁၇၀ စင်တီမီတာအထက် (Men's Sport Physique) ပြိုင်ပွဲတွင် ထိုင်းနိုင်ငံက ပထမ၊ မြန်မာနိုင်ငံက ဒုတိယ၊ ဗီယက်နမ်နိုင်ငံက တတိယ၊

အမျိုးသား အလွတ်တန်း (Men's Fittness Physique) ပြိုင်ပွဲတွင် ထိုင်းနိုင်ငံက ပထမ၊ မြန်မာနိုင်ငံက ဒုတိယနှင့် တတိယ၊

အမျိုးသမီး အလွတ်တန်း (Women's Fittness Physique) ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပထမ နှင့် တတိယ၊ ဗီယက်နမ်နိုင်ငံက ဒုတိယတို့ အသီးသီးအနိုင်ရရှိခဲ့ကြသည်။

Read more>>>လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စပါးအစိုဓာတ်များသဖြင့် စပါးဈေးများကျဆင်းနေ

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ် (WBPF) ဥက္ကဌ Mt DATUK PAUL CHUA ၊

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဌ Mr. PHUMVARIN CHUNHAwONGVARIT တို့နှင့်

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီနှင့် အမှုဆောင်များက ဆုများကို အသီးသီးပေးအပ်ခဲ့ကြသည်။

Source myawady


Read 234 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.