Print this page
Monday, 20 May 2019 11:22

 

.jpg

ဧရာဝတီလင်းပိုင် အခြေပြု ကျေးရွာလူထု ခရီးသွားလုပ်ငန်း တည်းခိုဆောင်ကို ပထမဦးဆုံးအဖြစ် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာတွင် မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွက်လာစေပြီး ဝင်ငွေတိုးတက်လာစေရန်၊

ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်လာစေရန်၊

လက်ပစ်ကွန်ရေလုပ်သားများ ဧရာဝတီလင်းပိုင်နှင့် အကျိုးတူပူးပေါင်း ငါးဖမ်းသည့် ရိုးရာဓလေ့ ရေရှည်တည်တံ့စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) ၏ ဒုတိယဌာနေ တာဝန်ခံ
ဦးကျော်သင်းလတ်က ပြောကြားသည်။

Read more>>>နေအိမ်နှင့် ရပ်ကွက်များအတွင်း အရိပ်ရအပင်များ စိုက်ပျိုးလိုပါက အခမဲ့ လိုက်လံစိုက်ပျိုးပေးမည်

ဖွင့်လှစ်ခဲ့သော တည်းခိုဆောင်များတွင် နှစ်ယောက်အိပ်သုံးခန်းပါ တည်းခိုဆောင် ၂ လုံးဖြင့် ဧည့်သည် ၁၂ ဦး တည်းခိုနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

Source the voice


Read 207 times Last modified on Monday, 20 May 2019 12:08
Rate :
(0 votes)

Related items