Monday, 20 May 2019 10:30

 

tree.jpg

မန္တလေးမြို့တွင် မိမိနေအိမ်နှင့် ရပ်ကွက်များအတွင်း အရိပ်ရအပင်များ စိုက်ပျိုးလိုပါက အခမဲ့ လိုက်လံစိုက်ပျိုးပေးမည် ဖြစ်ကြောင်း Green Mandalay အဖွဲ့မှ သိရသည်။

ရာသီဥတုပူပြင်းလာမှုကို ထိန်းသိမ်းနိုင်ရန်၊ ပတ်ဝန်းကျင်တွင် အရိပ်ရအပင်များ ရှင်သန်များပြားလာစေရန်နှင့်

စိမ်းလန်းစိုပြည်စေရေးအတွက် ရည်ရွယ်၍ မန္တလေးမြို့ရှိ အပင်စိုက်ပျိုးလိုသူများအတွက် မိမိနေအိမ်နှင့် ရပ်ကွက်များအတွင်း အရိပ်ရအပင်များ စိုက်ပျိုးလိုပါက

အခမဲ့ လိုက်လံ စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ဦးဆောင်သူ ကိုဝင်းသန်းထွဋ်က ပြောသည်။

“အပင်စိုက်ပျိုးတာ ဝါသနာပါတဲ့သူတွေစုမိပြီး ကျွန်တော်တို့အဖွဲ့ ဖွဲ့လိုက်တာပါ။ လက်ရှိ ကမ္ဘာမှာကော၊ မြန်မာနိုင်ငံမှာကော ရာသီဥတုက ပိုပူလာတယ်။

ဒါကလဲ သစ်ပင်တွေ နည်းပါးလာတာကြောင့် ဖြစ်တဲ့အတွက် သစ်ပင်တွေပြန်လည်ပြီး ပေါများလာဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် နိုင်တဲ့ဘက်ကနေ လုပ်ပေးတာပါ။

အဖွဲ့အနေနဲ့ စနေ၊ တနင်္ဂနွေ အပတ်တိုင်း အပင်စိုက်မယ့်ရပ်ကွက်မှာ Survey အရင်သွားကောက်ပါတယ်။

အပင်စိုက်ချင်တဲ့ဆန္ဒ ရှိ၊မရှိနဲ့ အပင်တွေကို ရေလောင်းပေးနိုင်မလား အဓိကမေးပါတယ်။ ကျန်တာအကုန် အဖွဲ့က တာဝန်ယူလုပ်ပေးမှာပါ။

surveyကောက်ပြီးရင် နောက်တစ်ပတ်မှာ ကျင်းတူးပြီး မြေဆွေးထည့် ရေလောင်းပြီးနှပ်ထားပါမယ်။

နောက်တစ်ပတ်ကျမှ အပင်ကိုစိုက်မယ်။ အပင်စိုက်ပြီးရင် အပတ်စဉ်လိုက်ပြီးစစ်ဆေးဖို့ အဖွဲ့ဖွဲ့ထားပါတယ်။

သေသွားတဲ့အပင်ရှိရင် အစားပြန်စိုက်ပေးပါမယ်။ စိုက်ပျိုးချင်တဲ့သူတွေ ဆက်သွယ်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

အဖွဲ့မှ စိုက်ပျိုးမည့်ပျိုးပင်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပံ့ပိုးပေးပြီး တမာ၊ ကုက္ကို။ မည်စည်။ ဗာဒံ စသည့် အရိပ်ရအပင်များကို စိုက်ပျိုးပေးမည်ဖြစ်ကြောင်း သိရသည်။

Read more>>>မြန်မာနိုင်ငံသို့ လာရောက်လေ့လာမည့် ချက် နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ

Green Mandalay အဖွဲ့သို့ဆက်သွယ်လိုပါက ဖုန်း ၀၉-၉၇၆၈၆၄၇၀၁၊ ၀၉- ၉၆၄၈၈၈၈၇၀ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

Source yadanar bon news


Read 292 times Last modified on Monday, 20 May 2019 11:22
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.