Friday, 17 May 2019 17:00

ch.jpg

 

ချက်သမ္မတနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆိုင်ရာ ချက်သံအမတ် ဦးဆောင်၍ မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ချက်သံရုံးမှ သံအမတ်ဖြစ်သူ H.E. Mr. Jaroslav Dolecek သည် မေလ ၁၄ ရက်နေ့ ညနေပိုင်းက ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး နှင့် တွေ့ဆုံ၍

ချက်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။


မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့သွားရောက်၍ မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ

စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ရေရှည်တိုးမြှင့်ဆောင်ရွက်ရန်ရှိကြောင်း ချက်သံအမတ်က ပြောဆိုသည်။

“ကုန်သည်စက်မှုအသင်းချုပ်က တာဝန်ရှိသူတွေကို နောက်လ လဆန်းပိုင်းမှာ ချက်နိုင်ငံကို လာဖို့ဖိတ်သွားတယ်။ သွားဖြစ်၊ မသွားဖြစ်ကတော့ ဥက္ကဋ္ဌနဲ့ တိုင်ပင်တုန်းရှိပါသေးတယ်” ဟုဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ၊ ချက်သံရုံးမှ သံအမတ် H.E. Mr. Jaroslav Dolecek ဦးဆောင်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ ပဲခူးမြို့နယ်တွင် ကျောင်းဆောက်လှူဒါန်းမှုများလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

Read more>>>အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းအတွင်း တည်ဆောက်ပြီးစီးသည့် တိုက်ခန်း ၂၄၀ ကို နေရာချထားပေးရန်စီစဉ်

ထို့ပြင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဇွန်လ လဆန်းပိုင်းတွင် ချက်နိုင်ငံသို့ဖိတ်ခေါ်၍ ချက်လုပ်ငန်းရှင်များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် စီစဉ်ထားပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိ သူများကိုလည်း တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ယင်းအသင်းချုပ်ထံမှသိရသည်။

Source the voice


Read 224 times Last modified on Friday, 17 May 2019 17:35
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.