Friday, 17 May 2019 14:36

man.jpg


မန္တလေးမြို့တွင် အဆင့်မြင့်တင်မှုများ ပြုလုပ်ထားသော ကျုံးပလက်ဖောင်း တစ်လျှောက်တွင် စည်းကမ်းမဲ့ ကွမ်းသွေးထွေးသူများကို ဇွန်လမှစတင်ကာ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ ပလက်ဖောင်း ဖြစ်စေရန် ကျုံးအရှေ့ဘက်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည့်အပြင် အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် အလှပန်းပင်များနှင့် ထိုင်ခုံများ ချပေးထားသည့်အတွက် ပျက်စီးမှုမရှိစေရန် စည်းကမ်းမဲ့ ကွမ်းသွေးထွေးသူများကို အရေးယူရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

 

“သင်္ကြန်မတိုင်ခင်က ဒီပလက်ဖောင်းတွေကို ဖွင့်ပေးထားတာပါ။

ပလက်ဖောင်းဖွင့်ပေးပြီး ရက်ပိုင်းမှာပဲ အလှပန်းပင်တွေကြားမှာ စည်းကမ်းမဲ့ ကွမ်းသွေးထွေးတာတွေ တွေ့ရလို့ မန္တလေးမြို့ရဲ့ ပုံရိပ်ကိုထိခိုက်နိုင်လို့ လုပ်ဆောင်တာပါ။

ဒါကြောင့် ကွမ်းသွေးထွေးတာမလုပ်ဖို့ တန်းတွေပေါ်တက်ထိုင်တာတွေ မလုပ်ဘဲ စည်းကမ်းတကျ အပန်းဖြေဖို့လိုပါတယ်” ဟု မန္တလေးမြို့ စည်ပင်သာယာရေး ရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင် ကပြောသည်။

Read more>>>စိတ်ဝင်စားဖွယ် ပြည့်နှက်နေသည့် အက်ရှင်ဇာတ်ကားသစ် John Wick Chapter-3

ထို့ကြောင့် ပလက်ဖောင်း တစ်လျှောက်တွင် စည်းကမ်းမဲ့ ကွမ်းသွေးထွေးသူများကိုတွေ့ရှိပါက တိုင်ကြားနိုင်ကြောင်းနှင့်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေး ရဲတပ်ဖွဲ့နှင့် အခြားပူးပေါင်းအဖွဲ့များက ဖမ်းဆီးကာ တရားရုံးတွင် ဒဏ်ငွေ ကျပ် ၅ဝဝဝဝ မှ ကျပ် ၂၀၀၀၀၀ အထိဒဏ်ရိုက် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Source pyi myanmar


Read 322 times Last modified on Friday, 17 May 2019 15:47
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.