Friday, 17 May 2019 11:39

 

mango.jpg

မနှစ်ကပြုလုပ်တဲ့ ပထမအကြိမ်ဈေးရောင်းပွဲတော်တုန်းက သရက်သီးတစ်လုံးကို ၁၀ ကျပ်နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီး ကျင်းပလျက်ရှိတဲ့ ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များ ဈေးရောင်းပွဲတော်မှာ စိန်တစ်လုံးသရက်သီး တစ်လုံးကို မြန်မာငွေကျပ် ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ အထူးရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အထူးအစီအစဉ်တစ်ရပ်အနေနဲ့ စိန်တစ်လုံးသရက်သီးတစ်လုံးကို မြန်မာငွေ ငါးဆယ်ကျပ်တန်တစ်ရွက်နဲ့ ရောင်းပေးသွားမှာပါ၊

မနှစ်ကတော့ တစ်ဆယ်ကျပ်နဲ့ရောင်းတာပါ၊ ဒီနှစ်တော့ အခြေအနေအရ တစ်လုံးကိုငါးဆယ်ကျပ်တန်နဲ့ ရောင်းပေးသွားပါမယ်၊ ငါးဆယ်ကျပ်တန်ပဲဖြစ်ရပါမယ်၊

မနှစ်က ဒီပွဲဆင်နွှဲဖူးသူတွေတော့ သိကြပြီးသားပါ၊ ကျွန်တော်တို့က ရောင်းချလို့ရသမျှ ပိုက်ဆံတွေကို ဘုရားဆီပဲလှူတာပါ၊ ဒီနှစ်လည်းဘုရားဆီပဲလှူမှာပါ” လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူ ဦးကျော်စိုးနိုင်က ပြောသည်။

မေလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ၃ ရက်ကျင်းပမယ့်ပွဲတော်မှာ ပွဲတော်ရဲ့နောက်ဆုံးရက် (မေလ ၁၈ ရက်) မနက်ပိုင်းကစလို့ စိန်တစ်လုံးသရက်သီးအလုံးရေ ၄၀၀၀ ကျော်အား မြန် မာငွေကျပ် ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီနေ့မှာပဲ သရက်သီးစတုဒီတာအဖြစ် သရက်သီးအလုံးရေ တစ်ထောင်ကျော် ကျွေးမွေးဧည့်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ အလုံးရေလေးထောင်ကျော်လောက်ရောင်းပေးဖို့ပြင်ဆင်ထားပါတယ်၊ နောက်တစ်ခုက အဲဒီနေ့က ကဆုန်လပြည့်နေ့လည်းကျတော့ စတုဒီတာကျွေးမယ့်အစီအစဉ်တစ်ခုပါ ကျွန်တော်တို့ကထည့်သွင်းလိုက်ပါတယ်၊ သရက်သီးအလုံးတစ်ထောင်လောက်ရှိမယ် တစ်ထောင်ကျော်သွားရင်လည်းကျော်သွားမှာပေါ့ အလှူရှင်တွေထွက်လာတဲ့အလျှောက် လှူဒါန်းသွားမှာပါ” လို့လည်း ဦးကျော်စိုးနိုင်ကပြောသည်။

Read more>>>မန္တလေးတောင်ပေါ်သို့ ဘုရားဖူးခရီးသွားများ အလွယ်တကူ တက်ရောက်နိုင်ရန် စက်လှေကား အသစ်တပ်ဆင်မည်

ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များ ဈေးရောင်းပွဲတော်မှာ သရက်သီးအမျိုးပေါင်း ၈၀ ကျော်အား ဆိုင်ခန်းပေါင်း ၅၀ ခန့်နဲ့ ခင်းကျင်းပြသရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာ့သရက်သီးဈေးကွက် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

Source Duwun


Read 515 times Last modified on Friday, 17 May 2019 12:41
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.