Thursday, 16 May 2019 15:29

 

2019.jpg

ကမ္ဘာ့အကြီးဆုံးစာအုပ် အရောင်းပွဲတော်အဖြစ် တန်ဖိုးသင့် အင်္ဂလိပ်စာအုပ်များဖြစ်သည့် Big Bad Wolf Books စာအုပ်အရောင်းပွဲတော်ကို မန္တလေးတွင် ကျင်းပရန်စီစဉ်နေသည်။

ယခုနှစ်အစောပိုင်းကလည်း Big Bad Wolf Books စာအုပ်အရောင်းပွဲတော်ကို ပထမဆုံးအနေဖြင့် ရန်ကုန်မြို့ရှိ Myanmar Event Park တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

အဆိုပါ အောင်မြင်မှုနဲ့အတူ organizer များကလည်း မန္တလေးတွင် ဒုတိယအကြီမ်ကျင်းပမည့် Big Bad Wolf Books ပွဲတော်တွင်လည်း အောင်မြင်မှုများတည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

Big Bad Wolf Books စာအုပ် ရောင်းချမှုကို Mandalay Convention Centre (MCC) တွင် မေလ ၃၁ နေ့မှ ဇွန်လ ၁၀ ရက်နေ့ အထိ (၁၁) ရက်တိုင်တိုင် ၂၄ နာရီလုံးပတ်လုံး ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Big Bad Wolf Books စာအုပ် တစ်သန်း နီးပါးခန့်ကို ၅၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်း အထိ အထူးလျှော့ဈေးများဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာစာအုပ်တွေ ရောင်းချခဲ့စဉ်က လူထောင်ပေါင်းများစွာ၏စိတ်ဝင်စားမှုခံရကာ မယုံကြည်နိုင်လောက်အောင်ကို အောင်မြင်ခဲ့သည်။

အခုလို ဒုတိယအကြီမ် ပြုလုပ်ရခြင်းမှာ အထက်မြန်မာပြည်ကနေ Big Bad Wolf Books စာအုပ်ပွဲတော် ကျင်းပရန်အားပေးမှုနဲ့ တောင်းဆိုမှုကြောင့် ကျနော်တို့မန္တလေးတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်ဟု ဒါရိုက်တာဦးမျိုးအောင်က မေလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စာအုပ်ရောင်းရခြင်း ရည်ရွှယ်ချက်ကတော့ မြန်မာနိုင်ငံက လူအများစုကို အလွန်တင့်သင့်မျှတတဲ့ ဈေးနှုန်းနဲ့ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ရှုကြည့်ခြင်းအားဖြင့် စာဖတ်နှုန်းတိုးတက်စေချင်လို့ဘဲ ဖြစ်ပါတယ်။

Big Bad Wolf Books စာအုပ်ပွဲတော်ဟာဆိုရင် မြန်မာနိုင်ငံက မျိုးဆက်သစ် စာဖတ်သူ လူငယ်တွေရဲ့အင်္ဂလိပ်စာဖတ်နှုန်း တိုးတက်လာစေဖို့ကိုလည်း ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံက စာအုပ်ဆိုင်တွေမှာရောင်းတဲ့ English-language books တွေဟာ ဈေးကြီးတဲ့အတွက်ကြောင့် အခုလို Big Bad Wolf Books စာအုပ်ပွဲတော်မှာ တင့်သင့်မျှတတဲ့ ဈေးနှုန်းနဲ့ ကိုယ်ဖတ်ခြင်တဲ့ဘယ်စာအုပ်အမျိုးအစားကိုမဆို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်။

ထို့အပြင် ရန်ကုန်မှာ ထားရှိသကဲ့သို့ စာအုပ်လှူဒါန်းမှုကောင်တာရှိရလိမ့်မည်။ အကျိုးအမြတ်မရှာသော လုပ်ငန်း ဖြစ်သည့် Save the Library မှ တာဝန်ယူပြီး အလှူရှင်များထံမှစာအုပ်များကို လက်ခံကာ အလှူရှင်များ၏ စာအုပ်ပေါင်း ၅၀၀ ထဲကနေ မြန်မာနိုင်ငံစာကြည့်တိုက်များအတွက် အကျိုးရှိသွားပါလိမ့်မယ်" ဟုဒါရိုက်တာဦးမျိုးအောင်က ဆက်လက်ပြောဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၏ ဆင်ခြေဖုံးအရပ် ဖြစ်သော ရှာအလမ်ရှိ Big Bad Wolf Books မှ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ကျင်းပသည့် စာအုပ်ပွဲတော် ဖြစ်သည်။

The Big Bad Wolf Book Sale ကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။ ကြံဆလုပ်ကိုင်ခဲ့သူတို့မှာ မလေးရှားမှ စာအုပ်ဆိုင်ပိုင်ရှင် လင်မယား ဖြစ်သည့် Andrew Yap နှင့် Jacqueline Ng တို့ဖြစ်သည်။ စာအုပ်ပွဲတော်ပုံစံဖြင့် စာအုပ်အမြောက်အမြားတို့ကို ရောင်းချခဲ့ရာ သတင်းကြီးသွားခဲ့သည်။

ထို့နောက် ပြည်ပနိုင်ငံများသို့ ခြေဆန့်ခဲ့ကြရာ ၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် ထိုင်း နိုင်ငံတို့တွင် စာအုပ်ပွဲတော် ကျင်းပပြီး ရောင်းချခဲ့သည်။ ထို့နောက် သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နှင့် ယူအေအီး နိုင်ငံများတွင်လည်း စာအုပ်ပွဲတော်ပုံစံဖြင့် ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတွင် ဆဋ္ဌမမြောက် နိုင်ငံအဖြစ် လာရောက်ရောင်းချခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းမှ Ready 2 Read Myanmar က လက်တွဲဆောင်ရွက်ခဲ့သည်။ ကလေးသူငယ်စာပေပြီးလျှင် အရောင်းရဆုံးမှာ စီးပွားရေး ပညာပေး စာအုပ်များနှင့် ကိုယ်ထူကိုယ်ထ လုပ်ကိုင်ရန် နည်းပေးလမ်းပြပြုသော စာအုပ်များ ဖြစ်သည်။

ထို့နောက်တွင် အတ္ထုပ္ပတိစာအုပ်များနှင့် သမိုင်းနှင့်ပတ်သက်သော စာအုပ်စာပေများ ဖြစ်သည်။

စာအုပ်အမျိုးအစား စုံလင်သည်။ စိတ်ကူးယဉ်ဇာတ်လမ်း စာအုပ်များမှ ပညာရပ်စာအုပ်များအထိ ရှိသည်။ ဒီဇိုင်းပညာ၊ ဖက်ရှင်ပညာ၊ ဗိသုကာပညာ အစရှိသည့်နယ်ပယ်များမှ လေ့လာသူများအတွက် စာအုပ်များလည်း ရှိသည်။

Big Bad Wolf Books စာအုပ်ပွဲတော်ဟာ အာရှ၏အကြီးမားဆုံးဈေးရောင်းပွဲတော် ဖြစ်ခြင်းကြောင့်လူသိများသည်။

Read more>>>တရုတ်လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲလာသဖြင့် မန္တလေးလေဆိပ်သို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုနှုန်း မြင့်တက်

ဖွင့်မည့်ရက်မတိုင်ခင် မေလ ၃၀ ရက်နေ့တွင်လည်း လက်မှတ်များကိုလည်း Big Bad Wolf Books ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာပေါ်တွင် give away အနေနဲ့ပေးအပ်သွားမှာ ဖြစ်ပါတယ်။

စာဖတ်ဝါသနာပါသူများနဲ့ စာပေချစ်သူများအနေဖြင့် အသိပညာဗဟုသုတ တိုးပွားစေခြင်းအလိုငှာ Big Bad Wolf Books စာအုပ်ပွဲတော်သို့ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။


Read 435 times Last modified on Thursday, 16 May 2019 17:34
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.