Monday, 13 May 2019 09:16

grad6.jpg

 

သင်ရိုးသစ် Grade 6 ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတင်သင်ကြားမှာ ဖြစ်ပါတယ်။ ပညာသင်နှစ်မှာ စတုတ္ထတန်းအောင်မြင်သူတွေက Grade 6 ကိုတက်ရောက်ခွင့်ရကြမှာ ဖြစ်တယ်။

စနစ်သစ် Grade 6 က အလယ်တန်းသင်ရိုးရဲ့ ပထမဆုံး စာသင်နှစ်ဖြစ်တာကြောင့် ယခင် ပဉ္စမတန်းနဲ့ အတူတူပဲ ဖြစ်တယ်။ ဒါပေမဲ့ Grade 6 English သင်ရိုးသစ်မှာ ကဗျာသုံးပုဒ်မှလွဲပြီး သင်ခန်းစာအကုန်လုံးကို Four Skills လုံးချိတ်ဆက်သင်ကြားနိုင်တဲ့ သင်ခန်းစာသစ်တွေနဲ့ ထည့်သွင်းရေးဆွဲထားခြင်းဖြစ်တယ်။

Grade 6 English မှာ Unit 12 Poem လေးပုဒ်၊ Project လေးခု၊ Review လေးခုနဲ့ ဖွဲ့စည်းထားပါတယ်။ Unit သုံးခုပြီးတိုင်း Review တစ်ခု၊ Project တစ်ခုနဲ့ Poem တစ်ခုစီ ပါဝင်မှာ ဖြစ်တယ်။

Unit တစ်ခုမှာ Lesson လေးခုစီ ပါဝင်ပါတယ်။ Lesson 1 တိုင်းက Listening and Speaking နဲ့ စတင်မှာဖြစ်ပြီး Lesson 2 မှာ Reading, Lesson 3 မှာ Vocabulary and Grammar နဲ့ Lesson 4 မှာ Writing တို့နဲ့ ဖွဲ့စည်းထားပါတယ်။

Listening and Speaking, Reading, Writing ခွဲထားပေမဲ့ Lesson လေးခုလုံးမှာ Vocabulary နဲ့Grammar ကိုချိတ်ဆက် သင်ကြားဖို့လိုပြီး လေးခုလုံးမှာ Four Skills လုံးချိတ်ဆက်သင်ကြားပေးနိုင်ဖို့ Teacher Guide ကို ရေးဆွဲထားပါတယ်။ သင်ခန်းစာတစ်ခုစီက စာ နှစ် မျက်နှာစီပါရှိပြီး Project နဲ့ Poem မှာတစ်မျက်နှာစီသာပါရှိပါတယ်။

Review ဆိုတာက Unit သုံးခုပြီးတိုင်း သင်ခဲ့ပြီးတဲ့ Vocabulary,Grammar စတာတွေကို formative assessment အနေနဲ့ ကျောင်းသားဘယ်လောက် တတ်မြောက်သွားသလဲပြန်လည်လေ့ကျင့် ခြင်းဖြစ်ပါတယ်။

ဆရာ၊ဆရာမတွေအနေနဲ့ မိမိရဲ့ ကျောင်းသားများအခြေအနေ သင်ခန်းစာပြီးမြောက်မှုအခြေအနေကိုကြည့်ပြီး Review လုပ်နိုင်ဖို့  Teacher Guide မှာ အသေးစိတ်မရေးထားတာကြောင့် မိမိရဲ့ သင်ခန်းစာကမြန်နေလျှင် သင့်လျော်တဲ့ Activity တွေထည့်သွင်းသင်ကြားနိုင်သကဲ့သို့ နောက်ကျနေလျင်လည်း အိမ်စာအဖြစ် ပေးနိုင်ပါတယ်။

Project ဆိုတာကတော့ ကလေးတွေရဲ့ creativity နဲ့ Language ကို အသုံးချပြီး လက်တွေ့ဘဝမှာ အသုံးတည့်မယ့် Poster, Flyer အစရှိတာတွေကို ဖန်တီးတတ်ဖို့ ထည့်သွင်းထားတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

Poem အနေနဲ့ သင်ရိုးဟောင်းက ကဗျာသုံးပုဒ်နဲ့ကဗျာသစ်တစ်ပုဒ်တို့ကိုလဲ ထည့်သွင်းထားပါတယ်။ ကဗျာတွေမှာ ကလေးတွေရဲ့စိတ်ပါဝင်စားမှုကို လှုံ့ဆော်နိုင်ဖို့ pre-reading တွေထည့်သွင်းထားပါတယ်။

သင်ရိုးသစ်မှာ အင်္ဂလိပ်စာကျွမ်းကျင်မှုကို တိုင်းတာတဲ့စံနှုန်းအဖြစ် နိုင်ငံတကာသုံးဖြစ်တဲ့ CEFR (Common European Framework Reference)ကို သုံးထားပါတယ်။ မူလတန်းသင်ရိုးအတွက် CEFR PreA1 နှင့် A1 Level တို့ကိုသင်ကြားမှာဖြစ်ပြီး အလယ်တန်းသင်ရိုး Grade 6 မှာ A1 Level, Grade 7 အတွက် A2 Level, Grade 8 အတွက် A2+ Level, Grade 9 အတွက် B1 Level တို့ကို သင်ကြားကြရမှာ ဖြစ်ပါတယ်။

အခြေခံပညာအဆင့် သင်ယူပြီး မြောက်သောအခါ ကျောင်းသားတွေက အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်စွာပြောဆို ရေးသားတတ်ဖို့ဖြစ်ပါတယ်။ လက်ရှိတက္ကသိုလ်တွေမှာ အသုံးပြုနေတဲ့ အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်တွေမှာလည်း CEFR ကိုအသုံးပြုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကလေးတွေ လက်တွေ့ဘဝမှာ သင်ယူပြီးတဲ့ ဘာသာစကားကို အသုံးချနိုင်မယ့် Project တွေထည့်ထားပါတယ်။အဓိက ပြောင်းလဲမှုက သင်ကြားပို့ချနည်းဖြစ်ပါတယ်။ CCA ကိုသုံးရမှာဖြစ်ပြီး ကလေးတွေကတစ်ဦးချင်း လုပ်ငန်းအပြင် အတွဲလိုက်လုပ်ငန်းတွေ အုပ်စုလိုက်လုပ်ငန်းတွေလည်း စုဖွဲ့လုပ်ကိုင်ရမှာ ဖြစ်တာကြောင့် စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထကို ရရှိစေမှာ ဖြစ်ပါတယ်။

ဆရာဆရာမတွေ အနေနဲ့သင်ခန်းစာတွေကို သင်ပြတဲ့အခါ I-T-P-R (Introduction, Teach, Practice, Review)  ဆိုတဲ့ procedure ကိုသုံးရမှာဖြစ်ပါတယ်။ Introduction ဆိုတာက မိမိသင်ပြမယ့် အကြောင်းအရာကို ကျောင်းသားတွေ စိတ်ဝင်စားအောင် အစပျိုးခြင်းဖြစ်ပါ တယ်။

Teach အဆင့်မှာ Reading, Listening, Speaking, Writing, Vocabulary နဲ့ Grammar အစရှိသော မိမိသင်ပြလိုသော Language ကို သင်ပြပေးရမှာ ဖြစ်ပြီး Languge ဆိုတဲ့ အဆင့်မှာသင်ပြပြီးတဲ့ Practice ကို ကျောင်းသားတွေကိုယ်တိုင် အသုံးချရတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

Read more>>>အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်တော့မယ့် မြန်မာနိုင်ငံ

Review အဆင့်မှာသင်ယူပြီးတဲ့ သင်ခန်းစာကို ပြန်လည်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ကလေးတွေအတွက် ဘာတွေတတ်သွားသလဲ၊ ဘာတွေကလွယ်ကူပြီး ဘာတွေကခက်နေသလဲ စတာတွေကို သိရှိနိုင်ဖို့ မေးခွန်းမေးခြင်းဖြင့်လည်းကောင်း၊ ရေးခိုင်းခြင်းဖြင့်လည်းကောင်း၊ ဆွေးနွေးခြင်းဖြင့်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။

Source Kumudra


Read 1954 times Last modified on Monday, 13 May 2019 10:09
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.