Print this page
Saturday, 11 May 2019 15:10

aung_bar.jpg


(၃) ကြိမ်မြောက် ၁၀၀၀ တန်ထီတွင် ထီစာအုပ် နှစ်သိန်းခွဲကျော် ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့သော်လည်း ယခု (၄) ကြိမ်မြောက်ထီတွင် ထီစာအုပ်ငါးသိန်းနီးပါးတိုးမြှင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ယခင် (၃) ကြိမ်မြောက်ကျပ် ၁၀၀၀ တန်ထီတွင် “က” အက္ခရာမှ “ကဃ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၃၇) လုံး၊ ထီစာအုပ် ၃၀၂ ၇၂၆၆ အုပ်ရောင်းချပေးခဲ့သည်။

ဇွန် ၁ ရက်၌ဖွင့်လှစ်မည့်ကျပ် ၁၀၀၀ တန်ထီများကို “က” အက္ခရာမှ “ကည” အက္ခရာအထိ (၄၃) လုံး၊ ထီစာအုပ် ၃၅၁၈၁၇၄ အုပ်ရောင်းချပေးနေခြင်းဖြစ်ကြောင်း မေ ၁၀ ရက်တွင်ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်ကြေညာသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ယခုမေလတွင် ထီအက္ခရာခြောက်လုံး တိုးမြှင့်ရောင်းချပေးထားသော်လည်း ယခင်လတွင် ထီစာအုပ် ၂၆၁၂၉၅ အုပ် (ထီစောင်ရေ ၂၈၇၄၂၄၅ စောင်) မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိနေခဲ့သည်။

အောင်ဘာလေထီ ဝယ်ယူခွင့်ရရှိသူများသည် အာမခံငွေ (Deosit) များပေးသွင်းပြီး သဘောတူ ကတိစာချုပ်ချုပ်ဆို၍ ဝယ်ယူလျက်ရှိရာတွင် အချို့သော ဝယ်ယူခွင့်ရရှိသူများမှ သက်မှတ်ရက်အတွင်း ဝယ်ယူရန် ပျက်ကွက်မှုရှိနေသဖြင့် သဘောတူကတိစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အာမခံငွေ သိမ်းယူရမည့် အခြေအနေများဖြစ်ပေါ်နေခဲ့သည်။

ထို့ကြောင့်ထီစာအုပ်များ ရောင်းချရန် ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

Read more >>> မေလ(၂၀)ရက်နေ့ထိ ဆက်လက်မြင့်တက်လာနိုင်တဲ့ မန္တလေး အပူချိန်

အောင်ဘာလေသိန်းဆုဌာနခွဲသည် ထီလက်မှတ်များကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိရာ (၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီစာအုပ်များကိုထပ်မံဝယ်လိုပါက လူပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ ဘဏ်ငွေသွင်းချလန်ဖြင့် ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် မေ၂၈ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source Daily Eleven


Read 476 times Last modified on Saturday, 11 May 2019 15:52
Rate :
(1 Vote)

Related items