Saturday, 11 May 2019 12:18

soon-oo-ponnya-shin_.jpg

 

စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်ဘုရားတွင် မှန်သားရင်ပြင် ပြုလုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မေ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရားအား သွားရောက်ဖူးမြော်ခဲ့ပြီး ဆွမ်းဦးပုညရှင်ဘုရားရင်ပြင်တွင် မှန်သားရင်ပြင် ပြုလုပ်နိုင်ရေး တရုတ်ပညာရှင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

“မနေ့က ဘုရားကို ဝန်ကြီးချုပ်နဲ့ မှန်သားရင်ပြင် လုပ်မယ့်ကုမ္ပဏီ၊ တရုတ်ပညာရှင်တွေ လာကြည့်ပါတယ်။ ဆွမ်းဦးပုညရှင်ရင်ပြင် အရှေ့ဘက်နဲ့ အနောက်ဘက်နေရာကို ရွေးချယ်သွားတယ်။ တစ်ဖက်ကို ပေ ၁၀၀ လောက် အပြင်ထုတ်ရတယ်။ အရှည်ကတော့ အခုရင်ပြင်အကျယ်ရှိသလောက် လုပ်လို့ရတယ်လို့ ပြောသွားတယ်။

ကျွန်တော်တို့ ဂေါပကအဖွဲ့ကတော့ ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ရဖို့ သြဝါဒခံရဦးမယ်။ ဆရာတော်ကြီးတွေကသဘောတူတယ်ဆိုရင် တိုင်းဒေသကြီး အစိုးရ ခွင့်ပြုချက်နဲ့ လုပ်သွားမှာပါ။ ဒါပေမဲ့ အကျိုးအမြတ်ကို ဘယ်လိုခွဲကြမလဲ ဆိုတာ မသိရသေးဘူး။ ဆောက်လုပ်ခွင့်ရပြီဆိုမှ တိုင်းအစိုးရရယ်၊ ဒေသ အာဏာပိုင်ရယ်၊ ဂေါပကအဖွဲ့ရယ် ဆက်လက် ဆွေးနွေးသွားမှာပါ” ဟု ဆွမ်းဦးပုညရှင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။

ဆွမ်းဦးပုညရှင်ဘုရားတွင် မှန်သားရင်ပြင် တည်ဆောက်မည်ဆိုပါက အထက်မြန်မာနိုင်ငံတွင် မှန်သားရင်ပြင် ပထမဦးဆုံး ဆောက်လုပ်သည့် ဘုရားဖြစ်ခြင်း၊ အရှေ့ဘက်ရင်ပြင်မှ မန္တလေးမြို့ရှုခင်း၊ စစ်ကိုင်းတောင်ရိုးမြောက်ဘက်မြင်ကွင်း၊ ဧရာဝတီမြစ်ရှုခင်း နှင့် အနောက်ဘက်ရင်ပြင်မှ စစ်ကိုင်းတံတားမြင်ကွင်း၊ ဧရာဝတီမြစ်မြင်ကွင်း၊ စစ်ကိုင်းမြို့ မြင်ကွင်း၊ နေဝင်ချိန်အလှတို့အား ပြည်တွင်းပြည်ပ ခရီးသွားများ ကြည့်ရှုနိုင်မည်ဖြစ်သည်။

မှန်သားရင်ပြင် ပြုလုပ်ခြင်းအားဖြင့် ခရီးသွားဝင်ရောက်မှု မြင့်တက်လာပြီး ဒေသခံများ အလုပ်ကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Related >>>နိုင်ငံတကာအဆင့်မီ ဖောက်လုပ်နေသော မန္တလေးစံပြလမ်းကို ဇွန် ၁၉ တွင် ဖွင့်နိုင်ရန်လုပ်ဆောင်နေ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး မှန်သားရင်ပြင်အဖြစ် ကရင်ပြည်နယ် ဇွဲကပင်ဆံတော်ရှင်စေတီ၏ တိုးချဲ့ရင်ပြင်တော် မှန်သားခင်း (View Point) ဖွင့်ပွဲကို မေ ၇ ရက် နံနက်ပိုင်းတွင် ဇွဲကပင်ဆံတော်ရှင်စေတီ တောင်ပေါ်ကျောင်း ဆုတောင်းပြည့်စေတီတော် အာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Source Eleven media 


Read 270 times Last modified on Saturday, 11 May 2019 13:57
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.