Saturday, 11 May 2019 11:28

road.jpg


မန္တလေးမြို့၏ စံပြလမ်းအဖြစ် နိုင်ငံတကာအဆင့်မီ အသစ်ဖောက်လုပ်လျက်ရှိသော ၃၈ လမ်း၊ ၇၈ လမ်းမှ ၇၃ လမ်းကြား အထိ လမ်းသစ်ကို ဇွန် ၁၉ ရက်တွင် ဖွင့်လှစ်နိုင်ရန် အပြီးသတ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။

“လက်ရှိမှာ နိုင်လွန်ကတ္တရာ ခင်းကျင်းပြီးဖြစ်သလို ညပိုင်း လမ်းမီးတိုင် ၆ဝ ကို စိုက်ထူထားပြီးပါပြီ။ ၇၃ လမ်းဆုံမှာ မီးပွိုင့်အသစ်တစ်စုံတပ်ဆင်သွားမှာဖြစ်ပြီး ၇၈ လမ်းဆုံနေရာမှာလည်း မီးပွိုင့်တစ်တိုင် ထပ်တိုးရမှာပါ။

နိုင်ငံတကာအဆင့် ကပ်တုံး၊ ပလက်ဖောင်း၊ Pre Cast မြောင်းတွေထည့်သွင်း ဖောက်လုပ်ထားရာမှာ မိုးရေတင်ကျန်မှုမရှိဖို့ Collection Pit နဲ့ မြောင်းကို လေးလက်မ PVC ပိုက်တွေနဲ့ ချိတ်ဆက်ထားပါတယ်။

လူသွားပလက်ဖောင်းကို အလှပဆုံးဖြစ်အောင် ပုံဖော်သွားမှာဖြစ်ပြီး အသစ်တပ်ဆင်မယ့်မီးပွိုင့်တွေမှာလည်း CCTV ကင်မရာတွေကိုတပ်ဆင်သွားမှာပါ”ဟု မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇော်အောင်က မေလ ၁ဝ ရက်နေ့တွင် ပြောကြားသည်။

လမ်းအက်ကြောင်းများ မဖြစ်ပေါ်စေရန်အတွက် ရှစ်လက်မအထူရှိ ကွန်ကရစ်ပေါ်တွင် Geogird အလွှာခံကာ နိုင်လွန်ကတ္တရာခင်းထားခြင်းဖြစ်ပြီး ခြောက်ပေအကျယ်ရှိ ပလက်ဖောင်းပေါ်၌ မျက်စိပသာဒဖြစ်စေမည့် ငုဝါပင်နှင့် သပြေ ဘူတပင်တို့ကို Flower Box ၁၁၂ ခုနှင့်အတူ စိုက်ပျိုးသွားမည်ဖြစ်သည်။

Read more>>>၃ နှစ်အတွင်း လျှပ်စစ်မီး အပြည့်အဝရရန် ကြိုးပမ်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အဆိုပါ ၃၈ လမ်းသစ်သည် အကျယ်ပေ ၆ဝနှင့် အရှည်ပေ ၂၆၀၀ ရှည်လျားကာ Precast Box Culvert ဖြင့်တည်ဆောက်ထားသည့် မြောင်းကူးတံတားတစ်စင်းပါဝင်၍ ဖွင့်လှစ်ပြီးပါက ၇၈ လမ်းပေါ်ရှိ ၃၈ လမ်းဆုံ၊ ၃၆ လမ်းဆုံနှင့် ၃၇ လမ်းဆုံတို့အပြင် ၇၈ လမ်းမှ ၇၃လမ်းကြားရှိ ၃၆လမ်း၊ ၃၇လမ်း၊ ၃၅ လမ်းတို့တွင် နေ့စဉ် ဖြစ်ပွားနေသော ယာဉ်ကြောပိတ်ဆို့မှုများ သိသာစွာလျော့နည်းသွားစေမည်ဖြစ်ကြောင်း သိရသည်။

Source democracy today


Read 490 times Last modified on Saturday, 11 May 2019 12:18
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.