Friday, 10 May 2019 11:12

55.jpg


ရတနာပုံရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည် နှစ် (၁၆၀)ပြည့်ပွဲတော်ကို မေ ၂၄ ရက်မှ ၂၆ ရက်ထိ မန္တလေးရွှေနန်းတော်နှင့် အမျိုးသားကဇာတ်ရုံတို့တွင် သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး တွဲဖက်အတွင်းရေးမှူး ထိပ်တင်ဝဏ္ဏစိုးက ပြောဆိုသည်။

ပွဲတော်ကို မြန်မာ့ထီးမွေနန်းမွေနှင့် ရိုးရာယဉ်ကျေးမှု သမိုင်းအမွေအနှစ်များ မပျောက်ပျက်စေရန်စသည့် ရည်ရွယ်ချက်ငါးခုဖြင့် စာပေဟောပြောပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများနှင့်အတူ ပြုလုပ်မည်ဖြစ်သည်။

"နှစ် ၁၅၀ပြည့်ပြီးတော့ နှစ် ၁၆၀ ပြည့် ရောက်လာပြီ။ ပထမ ၂၄ရက်မှာ မင်းတုန်းမင်းကြီးရဲ့ သားတော်၊ သမီးတော် ၁၀၈ ပါးရှိတာကိုရည်ညွှန်းပြီး သံဃာတော် ၁၀၈ ပါးကိုဆွမ်းကပ်မယ်။ နှစ် ၁၆၀ ပြည့်အဖြစ် သံဃာအပါး ၁၆၀ ကို ဆွမ်းဆန်စိမ်းလောင်းမှာပါ။ အဲဒီမှာ လှူချင်သူအားလုံးနဲ့ ဌာနဆိုင်ရာတို့၊ ပရဟိတအသင်းတွေလည်း ပါဝင်ကြမယ်။ မန္တလေးတိုင်းဝန်ကြီးချုပ်ကလည်း အစစကူညီပေးပါတယ်"ဟု ၎င်းက ပြောသည်။

Read more >>> မန္တလေးတွင် ပဉ္စမအကြိမ်မြောက် သရက်သီးပွဲတော် ကျင်းပမည်

မြနန်းစံကျော် ရွှေကျောင်းတော်အရှေ့ စမုခ်ဆောင်တွင် သံဃာတော်များဆွမ်းကပ်ခြင်းနှင့် ဧည့်ပရိသတ်များအား ဧည့်ခံခြင်းကို နံနက် ၈ နာရီခွဲမှ ၁၁နာရီခွဲအထိ၊ ဒုတိယနေ့ ညနေ၅နာရီတွင် ၆၆လမ်းနှင့်၁၂လမ်း၊ သတ္တဌာန မုခ်ဦးရှေ့၌ သံဃာတော်အပါး ၁၆၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ပွဲတော်တတိယရက်တွင် ညနေ ၄နာရီမှ ည ၈နာရီထိဟောပြောပွဲနှင့် နှစ်၁၆၀ပြည့်အထိမ်းအမှတ်၊ ဓာတ်ပုံနှင့် ကာတွန်းပြပွဲကို အမျိုးသားကဇာတ်ရုံတွင်ပြု လုပ်မည်ဖြစ်ကာ ဆောင်းပါး၊ ဝတ္တုတို၊ ကဗျာ ပြိုင်ပွဲများလည်းပါဝင်မည်ဟု သိရသည်။

"မင်းတုန်းမင်း ဆွေတော်မျိုးတော်များ၏ နှစ်စဉ်သက်ကြီးဝါကြီးများပူဇော်ပွဲမှ ကန်တော့ခံပုဂ္ဂိုလ်ဦးရေ ၇၀ကျော်ရှိရာမှ ယနေ့တွင် ၄၀ ကျော်ပဲ သက်ရှိထင်ရှားရှိတော့တယ်။ ဝါကြီး ဆွေတော်မျိုးတော်တွေထဲမှာ သီပေါမင်းမြေးတော် ရန်ကုန်မှာရှိသေးတယ်။ ခုချိန်မှာ အသက် (၉၆)လောက်ရှိမယ်။ ထိပ်စုဖုရားကြီးရဲ့ မောင်တော်ဖုရားက ပြင်ဦးလွင်မှာ တလောကကွယ်လွန်ခဲ့တယ်။ လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ဖို့ ကျန်တဲ့သူတွေအားလုံးက ဆက်လက်ဆောင်ရွက်သွားကြမှာပါ"ဟု ဆက်လက်ပြောဆိုသည်။

ရတနာပုံ(မန္တလေး)နှင့်ပတ်သက်ပြီး အနွယ်တော်ဝင်များစုပေါင်း၍ ဆယ်စုနှစ်ပြည့်တိုင်း ပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး ဗှုဗြ နိုင်ငံများ ရာဇဝင်သမိုင်းအရ အရှည်လျားဆုံးသောဘွဲ့ကို ဆက်လက်မှတ်ကျောက်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

Source Myanmar Time


Read 316 times Last modified on Friday, 10 May 2019 14:18
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.