Wednesday, 08 May 2019 16:58

gold.jpg

 

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတွေဟာအလှအပလက်ဝတ်တန်ဆာအဖြစ် ရွှေနဲ့တန်ဆာဆင်ကြသလို ရည်ရွှယ်ချက်သတ်သတ်မှတ်မှတ်ရယ်မရှိဘဲ ဆွဲဆောင်မှုရှိဖို့သက်သက်သာ ဝတ်ဆင်တတ်ကြပါတယ်။

ရှေးခေတ်တွေတုန်းကတော့ ရွှေဟာလက်ဝတ် ရတနာအဖြစ်သာမက ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာအတွက်လည်း အသုံးဝင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ လူတွေရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ဘက်က အကျိုးသက်ရောက်မှုရှိစေပါတယ်။

ရွှေကို သာမန်ကျန်းမာရေးပြဿနာလေးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အနည်းဆုံးတော့ အဆိပ်အတောက်ဖြစ်စေတဲ့အရာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ထိတွေ့သည့်တိုင်အောင် ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ရွှေကကျန်းမာရေးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေသလဲဆိုတော့ အဆစ်အမြစ်ရောင်ရမ်းခြင်းလက္ခဏာများအတွက် ကုသနိုင်ခြင်း အဆစ်အမြင်ရောင်ရမ်းတဲ့ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခံစားရတဲ့အခါ ရွှေကိုအသုံးပြုကြတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ၂၄ကာရတ်ရှိတဲ့ ရွှေကို အရေပြားမှာ တိုက်ရိုက်ထိတွေ့စေခြင်းက အဆစ်အမြစ်ရောင်ရောဂါတွေ သိသာစွာသက်သာမှု ရှိလာပါတယ်လို့ သုတေသီများကဆိုကြပါတယ်။


ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပီး ရွှေကခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်မျှတတဲ့အခါ လူတစ်ယောက်ရဲ့ ခုခံစွမ်းအားလည်း ပိုတိုးလာစေပါတယ်။ အဲဒါကြောင့် သာမန်ဖျားနာခြင်း၊ နှာချေခြင်း၊ အအေးပတ်ခြင်း၊ ညဘက်ချွေးစေးထွက်ခြင်းနဲ့ အပူကြီးခြင်းများကို လဲကူညီပေးနိုင်ပါတယ်။

ရှေးခေတ် အီဂျစ်ဘုရင်မ ကယ်လီယိုပတ်ထရာက သန့်စင်တဲ့ရွှေနဲ့သူမရဲ့အရေပြားကို နပျိုနေအောင်ထိန်းသိမ်းခဲ့တယ်လို့ ဆိုကြပါတယ်။ ရှေးခေတ်ရောမအင်ပါယာတွင်လဲ ရွှေကိုအမျိုးမျိုးသော အရေပြားကျန်းမာရေးနဲ့ ကူးစက်မှုတွေအတွက် ကုသဖို့အသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။

ဒီနေ့ခေတ်မှာဆိုရင်လဲ တစ်ချို့သောကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်အချို့မှာ သန့်စင်တဲ့ရွှေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ အရေပြားတောက်ပမှုနဲ့ လှပမှုအတွက် ရွှေကိုအသုံးပြုလာကြပါတယ်။

လူအတော်များများက သန့်စင်တဲ့ရွှေကို နှစ်သက်တတ်ကြပါတယ်။ ဖက်ရှင်အမြင်နဲ့ပဲဖြစ်ဖြစ် အဆင်တန်ဆာအနေနဲ့ပဲဖြစ်ဖြစ် ရွှေကိုဝတ်ဆင်ထားသူ၊ ပိုင်ဆိုင်ထားသူအနေနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုပိုရှိလာသလို့ ခံစားရစေပါတယ်။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုလဲ အကောင်းဘက်ကို ပြောင်းလဲပေးနိုင်ပါတယ်။

ဒါကြောင့် ရွှေကိုအရင်းအနီးတစ်ခုအနေနဲ့စုဆောင်းထားခြင်းက သင့်အတွက်စိတ်ပိုင်းဆိုင်ရာခံစားချက်လည်း ပိုကောင်းမွန်စေနိုင်သလို၊ စီးပွားရေးအတွက် အရင်းအနှီးလည်း ဖြစ်စေပါတယ်။

Source Phothutaw


Read 347 times Last modified on Wednesday, 08 May 2019 17:32
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.