Wednesday, 08 May 2019 15:57

22.jpg


ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးကင်းဝေးရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့်ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးလာစေရန် အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှသိရသည်။

ထိုကဲ့သို့ အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အထူးဦးစားပေးဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ မဟာဗျူဟာ၊ စီမံကိန်းနှင့် မူဘောင်များချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမျိုးသားရေး လှုပ်ရှားမှုအသွင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည။်


နိုင်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာ သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ ကျောင်းသားလူငယ်များကို မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များကို ဂိမ်းအလွန်အကျွံစွဲလမ်းမှုပပျောက်ရေး ကိစ္စရပ်များကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၇ သန်းခန့် ရှိသည့်အတွက် ၎င်းတို့၏ ကျန်းမာရေး အသိပညာဗဟုသုတများ ကြွယ်ဝ၍ ကျန်းမာရေး အသိပညာနှင့် အလေ့အကျင့်များ ဆင့်ပွားဝေမျှနိုင်ပါက ပို၍ကျန်းမာသန်စွမ်းလာမည်ဖြစ်ကြောင်း အမျိုးသားရေးလှုပ်ရှားမှုအသွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးထံမှသိရသည်။

Source the Voice


Read 489 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.