Wednesday, 08 May 2019 09:26

 

coffee.jpg

စွန့်ပစ်မည့်ကော်ဖီမှုန့်များကို အသုံးပြု၍ Coffee Brick လောင်စာတောင့်ပြုလုပ်ခြင်းအစီအစဉ်ကို မေလ ၄ ရက်ကမန္တလေးမြို့ရှိ Hilton ဟိုတယ်တွင်စတင်ခဲ့သည်။

“ကော်ဖီမှုန့်တွေကို စွန့်ပစ်မယ့်အစား လောင်စာတောင့်ပြန်လုပ်မယ်။ မီးသွေးအစားထိုးသုံးနိုင်တဲ့အတွက် ကာဗွန်ထုတ်လွှတ်တဲ့ပမာဏကို လျှော့ချခြင်တာဖြစ်ပါတယ်။ အများကြီးမဟုတ်ပေမယ့် မန္တလေးအတိုင်းအတာအနေနဲ့ ဒီဟိုတယ်ကနေ ကာဗွန်ထုတ်လွှတ်တာလျှာ့ချပေးခြင်လို့ပြုလုပ်တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရှိ Hilton ဟိုတယ်လုပ်ငန်းစု အထွေထွေမန်နေဂျာ Veronique Sirault ကပြောသည်။

အသုံးပြုပြီးသည့်ကော်ဖီမှုန့်များကို စွန့်ပစ်ရမည့်အခြားသောပစ္စည်းများဖြစ်သည့် စက္ကူအပိုင်းအစများ၊ ထမင်းကိုကျို၍ရရှိသည့် ကော်ရည်တို့ဖြင့်ပေါင်းစပ်ကာ လောင်စာတောင့်ပြုလုပ်ခြင်းဖြစ်သည်။
Coffee Brick လောင်စာတောင့် အသုံးပြုခြင်းဖြင့် မီးသွေးအသုံးပြုမှုကို ဆတူလျှော့ချနိုင်ကြောင်း Veronique Sirauit ကဆိုသည်။

ကော်ဖီတောင့်လောင်စာ အသုံးပြုခြင်းသည် အာရှဒေသတွင်းရှိ Hilton ဟိုတယ်အားလုံးတွင် မန္တလေးမြို့က ပထမဆုံးစတင် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Hilton ဟိုတယ်အနေဖြင့် အသုံးပြုပြီးသော ဆပ်ပြာများကို ပြန်လည်သန့်စင်၍ ဆပ်ပြာတုံးအသစ်များပြုလုပ်ကာ မိဘမဲ့ကလေးကျောင်းများသို့ လှူဒါန်းသည့် ပရိုဂရမ်တစ်ခုကိုလည်း မတ်လအတွင်းကစတင်ပြုလုပ်နေခဲ့သည်။


Source 7Day Daily


Read 196 times Last modified on Wednesday, 08 May 2019 12:00
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.