Tuesday, 07 May 2019 17:56

papaya.jpg

 

နိုင်ငံတကာဆေးလောကပညာရှင်တွေ အတည်ပြုခဲ့ရတဲ့ ဆေးစွမ်းထက်တဲ့ သင်္ဘောပင်အရွက်ရဲ့ အာနိသင်ဟာ တကယ်ကို ဆေးဝါးအဖြစ်သုံးနိုင်ပြီး အာနိသင်ထက်မြက်ကြောင်းသိရပါတယ်။

ခန္ဓာကိုယ်တွင်းမှာဖြစ်နေတဲ့ ရောဂါပိုးတွေ တိုက်ဖျက်ပေးပြီး ကိုယ်ခံအားကောင်းမွန်စေပါတယ်။ ( သင်္ဘောသီးမှာ ဗီတာမင် အေ၊စီ၊အီးစတဲ့ ဗီတာမင်ဓါတ်များစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွက် ကိုယ်ခံအားကောင်းမွန်တဲ့ဓာတ်များဖြစ်တဲ့ magnesium, potassium, carotene, proteins စသည့်တို့ ပါဝင်ပါတယ်။

(၁) - ကင်ဆာရောဂါခံစားနေရတဲ့ ဝေဒနာရှင်များအတွက် ကင်ဆာဆဲလ်တွေကို ရှင်းပစ်နိုင်ခြင်း

(၂) - ခြင်ကိုက်ရာမှ ဖြစ်ပေါ်လာသော အဖျားရောဂါများ၊တုတ်ကွေးများကို ပျောက်ကင်းစေခြင်း

(၃) - မိုးအေးလို့ခြေဆစ်လက်ဆစ်တွေ ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းများကိုသက်သာပျောက်ကင်းစေခြင်း

(၄) - သွေးပေါင်ချိန်တက်နေသူများ၊ အရေပြားရောဂါဆိုင်ရာလူနာများ၊ ဆီးချိုရောဂါသည်များ ၊ဆီးနည်း၊ ဆီးအောင့်ဖြစ်တတ်သူများ သက်သာပျောက်ကင်းစေပါတယ်။

ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရာဂါများအတွက်လည်း သင်္ဘောရွက်ကြိတ်ရည်ကို သောက်ပေးနိုင်ပါတယ်။

ဆေးဝါးအဖြစ်အသုံးပြုပုံ _သင်္ဘောရွက်အကြမ်းရွက်တစ်ရွက်ကို ကျောက်ပြင်ပေါ်ကြိတ်(သို့) ငြုပ်ဆုံထဲထည့်ထောင်းပါ ရေနဲ့ရောပြီးပိတ်ပါးပါးထုတ်ကာ အရည်ညှစ်ပီးတနေ့သုံးကြိမ် သောက်သုံးနိုင်ပါတယ်။
သင်္ဘောရွက်အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာအနေနဲ့လည်း စားပေးလို့ ရပါတယ်။
သင်္ဘောသီးအစိမ်း - အမှည့်ကို စားသုံးနေသူတွေမှာ အရွယ်တင်ခြင်းနုပျိုခြင်းနဲ့ အသားအရည်ဝင်းပလာစေတဲ့အထိ အစွမ်းထက်တဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါသည်။

Source phothutaw


Read 635 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.