Monday, 06 May 2019 14:28

pagoda_b.jpg

 

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ဇူလိုင်လ ၁ ရက်မှစတင်၍ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအား ဝင်ကြေးစတင် ကောက်ခံသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီးဂေါပက အဖွဲ့ထံမှ သိရသည်။

မဟာမုနိဘုရားကြီးသို့ လာရောက်လည်ပတ်လေ့လာသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအား ဝင်ကြေးကောက်ခံရန် ခွင့်ပြုချက်တောင်းခံထားမှုမှာ ၂ နှစ်ကျော်ကြာနေပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ခွင့်ပြု
ကြောင်း ဂေါပကအဖွဲ့ထံ ဧပြီလ ၃ဝရက်က အကြောင်းကြားစာပေးပို့ခဲ့သည်။

“ဝင်ကြေးကောက်ခံဖို့နဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောတူထားတယ်။ အဲဒါကြောင့် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း
ဆောင်ရွက်ပါစေဆိုတဲ့ အကြောင်းကြားစာ ၃ဝရက်က ရောက်လာပါတယ်”ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးလင်းက ပြောသည်။

နိုင်ငံခြားသားဧည့်သည်များကို ဝင်ကြေး ၅၀၀၀ကျပ် ကောက်ခံရန်တင်ပြမှုအပေါ် ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသားတဦးလျှင် ၁၀၀၀၀ကျပ်နှုန်း
ကောက်ခံပြီးဖြစ်သည့်အတွက် ထပ်မံကောက်ခံခွင့်မပြုရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ဧပြီလ ၁၁ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ထား
သော်လည်း ဧပြီလ ၃ဝ ရက်က ခွင့် ပြုကြောင်း ပြန်လည်အကြောင်းကြား ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များအား ဝင်ကြေးကောက်ခံရန်အတွက် မဟာမုနိဘုရားကြီးအရှေ့မုခ်၊ တောင်ဘက်မုခ်နှင့်
မြောက်ဘက်မုခ်များတွင် Tour Informational Centre များဖြင့်ကောက်ခံမည်ဖြစ်ပြီး ဝင်ကြေးကောက်ခံမှုအား ဂေါပကအဖွဲ့မှ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်သည်။

ဝင်ကြေးကောက်ခံမှုပြုလုပ်ရန် အတွက်ဂေါပကအဖွဲ့က ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဘုရားကြီးသမိုင်းနှင့် လေ့လာစရာနေရာများ၊ နံရံဆေးရေးပန်းချီများ အပါအဝင် လေ့လာစရာများကို မြန်မာအင်္ဂလိပ် ၂ ဘာသာဖြင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းသိရသည်။

Source New Watch weekly

 


Read 232 times Last modified on Monday, 06 May 2019 14:51
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.