Friday, 12 April 2019 11:34

Screenshot_from_2019-04-12_11-36-43.png

 

သင်္ကြန်တွင်း အိမ်မှာနေရတာဟာ ပျင်းစရာကောင်းပါတယ်။ ကိုယ်က ရေဆော့ရတာမကြိုက်တဲ့လူ၊ တရားစခန်းလည်းမဝင်ဖြစ်ဘူး၊ ခရီးလည်းသွားစရာမရှိဘူး ဆိုရင်တော့ အိမ်မှာနေရဖို့ သေချာနေပါပီ။ အိမ်မှာနေရမှာမို့ သင်္ကြန် ၄ ရက်မှာ မပျင်းရဘဲ အကျိုးစေမယ့် plan လေး တွေကို ဖော်ပြပေးလိုက်ပါတယ်။

 


1. မုန့်တွေ၊ စားချင်တာတွေ ဝယ်ထားမယ်

သိတဲ့အတိုင်းပဲ သင်္ကြန်တွင်းဆို ဆိုင်တွေပိတ်ပါတယ်။ ဝယ်ရတာ လုံးဝမလွယ်ကူတာမို့ အခုတည်းက မဝယ်ထားရင် ငတ်နေမှာပါနော်။ စားချင်တဲ့မုန့်တွေ၊ အာလူးကြော်၊ ဘီစကစ်၊ ခေါက်ဆွဲခြောက်၊ အချဉ်ထုတ်၊ ဒါတွေကို ကြိုဝယ်နေသင့်ပါပြီ။ ပြီးတော့ မုန့်လုပ်ရတာ ဝါသနာပါရင် မုန့်လုပ်စရာပစ္စည်းတွေ ဝယ်ထားရပါမယ်။

2. ဖတ်စရာစာအုပ်တွေ စုထားမယ်

အိမ်မှာနေရင်း တစ်နေကုန် phone သုံးရတာဟာ တကယ်တော့ မဟန်ပါဘူး။ သင်္ကြန်တွင်းဖြစ်တဲ့အတွက် facebook မှာလည်း ရေကစားနေတာတွေ တွေ့ရမှာဖြစ်ပြီး TV ကြည့်ရင်လည်း သင်္ကြန်ပွဲတွေချည်း မြင်နေရမှာပါ။ ဒါကြောင့် ကျွန်တော်တို့အများစု အဆက်ပြတ်နေပြီဖြစ်တဲ့ စာအုပ်လေးတွေ ဖတ်သင့်ပါတယ်။ ကိုယ်ကြိုက်တဲ့စာအုပ်တွေ (သရဲဝတ္ထုကအစ ပုံပြင်အဆုံး) ဘာမဆို ဖတ်ခွင့်ရှိပါတယ်။

3. ရုပ်ရှင်တွေ စုထားမယ်

ရုပ်ရှင်ကြည့်တာလောက် စိတ်ဝင်စားစရာကောင်းပြီး အချိန်ကုန်မြန်တာ မရှိပါဘူး။ အိမ်မှာ Wifi ရှိရင်တော့ လိုမှ down ကြည့်ပေါ့။ Wifi မတပ်ဆင်ထားသူတွေကတော့ bill အကုန်အကျသက်သာအောင် Wifi ရနိုင်တဲ့နေရာလေးတွေမှာ ဇာတ်ကားတွေ down ထားသင့်ပါပြီ။

4. ပေါင်းတင်ဖို့ ပြင်ဆင်ထားမယ်

သင်္ကြန်ပိတ်ရက်မှာ အိမ်မှာနေရတဲ့လူတွေအတွက် အရင်က အချိန်မပေးနိုင်ခဲ့တဲ့ ပေါင်းတင်တဲ့အလုပ်ကို လုပ်သင့်ပါတယ်။ ၄ ရက်မှာ ၁ ရက်လောက် မျက်နှာကို treatment လုပ်ကြည့်ရအောင်။ Mask တွေဝယ်ချင်ဝယ်ပါ။ သဘာဝပစ္စည်းတွေနဲ့ ကပ်ချင်ကပ်ပါ။

5. Game ဆော့မယ်

တစ်နေကုန် လွတ်လပ်နေတဲ့ အားလပ်ရက်တွေဖြစ်လို့ game လည်းစိတ်ကြိုက်ဆော့နိုင်ပါတယ်။ game မဆော့ဖြစ်တဲ့လူတွေလည်း တစ်ခါတစ်လေ ဆော့ကြည့်ပေါ့။

6. နေ့ခင်းအိပ်ရမယ်

အလုပ်တက်ရက်ဆိုလည်း တစ်နေကုန်၊ ပိတ်ရက်ဆိုလည်း အပြင်မှာဖြစ်နေတဲ့အတွက် နေ့ခင်းအိပ်ဖို့ ခက်ခဲကြပါတယ်။ နေ့ခင်းအိပ်တာဟာ အကျိုးကျေးဇူးအများကြီးရနိုင်လို့ သင်္ကြန် ၄ ရက်ပိတ်တုန်း အိပ်သင့်ပါတယ်။

ပြီးရင်တော့ ဒါတွေမမေ့ပါနဲ့နော်

ပူလှတဲ့နွေအတွက် ရေများများသောက်ပါ၊ တစ်နေကုန် phone သုံးလို့ရတဲ့အတွက် ညဘက် စောစောအိပ်ပါ၊ စားချင်တာတွေ အဝစားနိုင်သလို လေ့ကျင့်ခန်းလည်း လုပ်ပေးပါ၊ သူများနဲ့မတူတဲ့ ကိုယ်ပိုင်ဘဝအစစ်ကို စီးဝင်ပြီး အရသာခံစားပါ လို့အကြံပေးရင်း ဒီလိုလေးတွေနဲ့ သင်္ကြန်ကို ဖြတ်သန်းတဲ့အတွက်

နှစ်သစ်မှာ အသားအရေတွေလည်း လှနေမယ်၊ ကြည့်ချင်တဲ့ ရုပ်ရှင်တွေ ကြည့်ခွင့်ရမယ်၊ စာအုပ်ထဲက ဗဟုသုတတွေ ရမယ်၊ အိမ်မှာ စားချင်တာတွေ လုပ်စားလို့ရမယ်။

ဒီတော့ အိမ်တွင်းပုန်းမယ့်သူတွေအတွက် ပျင်းစရာမဖြစ်ဘဲ အကျိုးရှိတဲ့သင်္ကြန်အဖြစ်ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: AD-Secret Diary


Read 286 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.