Print this page
Friday, 12 April 2019 10:53

mdy_tg.jpg

 

မန္တလေးနည်းပညာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်(မန္တလေး)တို့ တက္ကသိုလ်နှစ်ခုပေါင်းကာ မဟာသင်္ကြန်မှာ “မျိုးဆက်သစ်အင်ဂျင်နီယာ၊ မန်း-နည်းပညာမောင်မယ်များအဖွဲ့” အမည်နဲ့ အလှပြယာဉ်ထွက်မှာဖြစ်ပြီး ယိမ်းအက၊ သံချပ်တွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

“အခုခေတ်က နည်းပညာခေတ်ဖြစ်တယ်၊ အဲဒီမှာ အလှပြယာဉ်ကို နည်းပညာလှိုင်းလာနေတဲ့ပုံသဏ္ဍာန် ရေလှိုင်းနဲ့ဒီဇိုင်းပုံဖော်ထားသလို မြန်မာ့ယဉ်ကျေးမှုကိုထင်ဟပ်စေမယ့် မြန်မာမှုတွေကို ပုံဖော်ထားပါတယ်”လို့ သံချပ်၊ ယိမ်းအကနှင့် အလှပြယာဉ်ဖြစ်မြောက်ရေးကော်မတီက အတွင်းရေးမှူး ကိုအောင်မြင့်မြတ် က ပြောပါတယ်။

နည်းပညာခေတ်ဖြစ်လာတဲ့အတွက် နည်းပညာလှိုင်းလာနေပြီ ဆိုတဲ့သင်္ကေတရယ်၊ တက္ကသိုလ်နှစ်ခုပေါင်းပြီး စည်းလုံးခြင်းကိုပြသချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလိုသင်္ကြန်အလှပြယာဉ်ထွက်ဖို့ စီစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

မဟာသင်္ကြန်ပွဲတော်ကာလတွေမှာ အပျော်အပျက်ဖြစ်လာတဲ့အတွက် မြန်မာ့ရိုးရာသင်္ကြန်မှေးမှိန်လာမှာကိုမလိုလားတဲ့အတွက် တက္ကသိုလ်ကျောင်းသားလူငယ်တွေစုပေါင်းထားတဲ့ မြန်မာ့ရိုးရာယိမ်းအကတွေ သီဆိုဖျော်ဖြေမှုတွေနဲ့ ယဉ်ယဉ်ကျေးကျေးပျော်ပါးကြတာတွေကိုပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ အလှပြယာဉ်ထွက်ဖို့ စီစဉ်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလှပြယာဉ်နဲ့အတူ ယိမ်းအက၊ သီဆိုဖျော်ဖြေမှုတွေကို သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ညနေ ၅းဝဝ နာရီမှ ညအထိ မန္တလေးမြို့တွင်းနဲ့ မြို့တော်မဟာမဏ္ဍပ်တို့မှာ ကပြဖျော်ဖြေ သွားမှာဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်နှစ်ခုပေါင်းပြီး သံချပ်အဖွဲ့မှာဆို တစ်ကျောင်းကို ၁၅ ယောက်နှုန်းနဲ့ အယောက် ၃၀ ပါဝင်မှာဖြစ်ပြီး ယိမ်းအကအတွက် နှစ်ကျောင်းပေါင်း ၁၄ ယောက်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုအတွက်ကလည်း နှစ်ကျောင်းပေါင်း ခြောက်ဦးပါဝင်မှာဖြစ်ပြီး အားလုံးစုစုပေါင်း အယောက် ၅၀ နဲ့ ကပြဖျော်ဖြေတာတွေ၊ သံချပ်တွေနဲ့ အလှပြယာဉ်နဲ့အတူ မန္တလေးမြို့ထဲလှည့်လည်တာတွေ၊ မြို့တော်မဟာမဏ္ဍပ်မှာ သီဆိုဖျော်ဖြေတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကိုအောင်မြင့်မြတ် ဆီက သိရပါတယ်။

အရင်က မန္တလေးတက္ကသိုလ်က တမာတန်းအလှပြယာဉ်၊ ရတနာပုံတက္ကသိုလ်တွေကလည်း သမဂ္ဂအဖွဲ့ဝင်တွေကဦးစီးပြီး အလှပြယာဉ်တွေထွက်ခဲ့ဖူးပြီး ယခုနှစ်မှာ နည်းပညာတက္ကသိုလ်နှစ်ခုပေါင်းပြီး ပထမဦးဆုံးအဖြစ် “မျိုးဆက်သစ်အင်ဂျင်နီယာ၊ မန်း-နည်းပညာမောင်မယ်များအဖွဲ လို့ခေါ်တဲ့ အလှပြယာဉ်ထွက်ကာ မန္တလေးသင်္ကြန်ပွဲတော်အတွင်း ကပြလှည့်လည်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းအလှပြယာဉ်အတွက် ကုန်ကျစရိတ်ကို ၃၅ သိန်းခန့် ကုန်ကျနိုင်မယ်လို့လျာထားပြီး ကျောင်းသူကျောင်းသားဟောင်းတွေ၊ လက်ရှိတက်နေဆဲကျောင်းသူ ကျောင်းသားတွေနဲ့ ရပ်မိရပ်ဖတို့ရဲ့ထည့်ဝင်ငွေတွေနဲ့ လုပ် ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Source: Kumudra


Read 533 times
Rate :
(0 votes)

Related items

  • ပုသိမ်ကြီးမြို့နယ်တွင် COVID-19 လူနာသစ် ( ၂ ) ဦးတိုး၊ စုစုပေါင်း ( ၇ ) ဦး ရှိလာ

    MDY_update_Quarter32.jpg

    ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၃၊ ၂၀၂၀ ( မနက် ၈ နာရီအချိန် ) ထုတ်ပြန်ချက်များအရ ပုသိမ်ကြီးမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၂ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၇ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၂၃ ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆,၉၅၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁,၉၅၁) ဦး ရှိပြီ ဖြစ်ကာ သေဆုံးလူနာ (၁၂၉) ဦး ရှိပြီ ဖြစ်သည်။
    =========================================



  • မန္တလေးတိုင်းအစိုးရမှ မြို့နယ်အလိုက် အရေးပေါ်ရိက္ခာစားဆီများ သိုလှောင်ထားရန် ညွှန်ကြား

    KTT_65641.jpg

    By Thant
    မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ (၂၀) ရက်နေ့တွင် စားသုံးဆီများအား အရေးပေါ်အခြေနေများအတွက် မြို့နယ်အလိုက် သိုလှောင်ထားရန် ညွှန်ကြားခဲ့သည်။

  • မန္တလေးမှ တက္ကသိုလ် ကျောင်းသား/သူများ ဂျပန်စာကို Online မှတဆင့် အခမဲ့ သင်ကြားနိုင်မည်
    Mandalay__1.jpg
    By Thant''
    မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) သည် စက်တင်ဘာလ (၁၀) ရက်နေ့က မန္တလေးမြို့တွင် ဂျပန်ဘာသာစကားကို Online မှ တဆင့် Zoom Application ကို အသုံးပြု၍ အခမဲ့ သင်ကြားပေးသွားမည်ဟု ကြေညာခဲ့သည်။