Wednesday, 10 April 2019 11:56

images.jpeg
သင်္ကြန်လာတော့မယ်....။

သင်္ကြန်လေးရက်လုံးအရက်နာမကျစေဖို့ အကောင်းဆုံးနည်လမ်းလေးတွေကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ.....။

ဒါကြောင့်မလို့ အရက်သောက်တာများလို့ ဖြစ်ဖြစ် ခါတိုင်း လစ်မစ်(Limit)ထက်ကျော် သွားလို့ ဖြစ်ဖြစ် နောက်မနက် လန်းလန်းဆန်းဆန်း နဲ့ တနေ့တာခရီးဆက် နိုင်ရန် အောက်ပါ အရာလေးတွေ နဲ့ လက်တွဲလိုက်ရအောင် ။


28471458_1628336760580529_2810027232681917225_n.jpg 

 

အုန်းရေ

အရက်နာကျသူများအတွက်ကတော့အကောင်းဆုံ သက်သာနိုင်ပြီး မြန်မြန် နလံထူနိုင်ဖို့ နည်းလမ်းက အုန်းရေသောက်ခြင်းပါပဲ။ အုန်းရေ တခွက်မှာ ပိုတက်ဆီယမ်တွေအများကြီးပါဝင်တော့ bro တို့သောက်ခဲ့တဲ့ အရက်ကြောင့်ဆုံးရှုံးသွားတဲရေဓာတ်တွေကိုအမြန်ဆုံးပြန်လည်ဖြည့်တင်ပေးနိုင်ပါတယ်။
ဒီတော့ အရက်ဝယ်နေရင်း အုန်းရေ၀ယ်ဖို့ မမေ့ ပါနဲ့ ...။ 

တစ်ညလုံကစ်မယ် တစ်ညလုံဆွဲမယ်ဆိုတဲ့  အကိုတွေကိုတော့အမြည်းလေးတစ်ခုကိုအကြံပေးချင်ပါတယ်။

 20-49-23-kanyut1.jpg

ကညွတ်

အရက်မသောက်ခင်နဲ့ အရက်သောက်ပြီးတဲ့ အချိန်တိုင်းကညွတ်ကိုစားပေးသင့်ပါတယ်။
ဘာလို့ လဲဆိုတော့ ကညွတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်ဆဲလ်တွေက အယ်လ်ကိုဟောကို ချေဖျက်နိုင်စွမ်း ကိုတိုးစေနိုင်ပါတယ်။ဒါ့အပြင် အရက်နာကျပြီး ပင်ပန်းတဲ့ ဒဏ်ကိုလည်းသက်သာစေပါတယ်။အရက်ကြာကြာသောက်နိုင်ဖို့ ကညွတ်စားကြစို့ ..။

 

11201830_10152673252844159_8086594536932161448_n.png
Sprite

နောင်ထပ်အရက်နာကျတာကိုသက်သာစေတဲ့ နည်းတစ်ခုက Sprite သောက်တာပါပဲအရက်သောက်လိုက်အခါ ခန္ဓာကိုယ်က Acetaldehyde ဓာတ်တစ်မျိုးထွက်လာပါတယ်။
အဲ့ ဓာတ်က sprite သို့  Soda ပါတဲ့ အရည်တစ်ခုခုသောက်လိုက်ရင် Acetaldehyde ကနေAcetate ကိုပြောင်းပြီး အရက်နာကျတာကိုမြန်မြန်သက်သာစေပါတယ်...။

 

instant-pot-boiled-eggs-1-500x375.jpg
ကြက်ဥ

ကြက်ဥ မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ် စစ်စတင်း( the amino acid cysteine) က အရက်နာကျစေတဲ့ Acetaldehyde ကိုဖြိုခွဲပေးပါတယ်။ ထို့ကြောင့် ကြက်ဥ ကို ကြော်စားစား ပြုတ်စားစား ချက်စားစား စားပေးခြင်းဖြင့် အရက်နာ ကျတာကို ကာကွယ်နိုင်ပါတယ်။

fresh-honey-500x500.jpg

ပျားည်

ပျားရည် ဟာ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ 
ပျားရည်မှာ ပါတဲ့ ဖရူတိုစ့်(fructose)ပါဝင်ပါတယ် ။ ခန္ဓာကိုယ်က ဒီ ဖရူတိုစ့် ဓာတ်ကို ခြေဖျက်ချိန်မှာ ခန္ဓာကိုယ်တွင်းကျန်တဲ့ အရက်တွေကို မြန်မြန် ချေဖျက်စေပါတယ် ။

 

သံပုရာရေ

သံပုရာ ရည်တခွက်သောက်လိုက်ခြင်းဖြင့် အသည်းက အရက်ကို ချေဖျက်ရာမှာ ပိုမို မြန်ဆန်စေပြီး ပျက်ဆီးသွားတဲ့ အသည်း တစ်ရှူး တွေ ပြန်ကောင်းမွန်အောင် ကူညီပေးပါသတဲ့။ သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် စီက တနေ့လုံးလန်းဆန်းစေပြီး အသည်းရောင် တာကိုလည်း ကာကွယ်ပေးလို့ သောက်ဖို့ လိုအပ်ပါသည်။

ginger-and-lemon-drink-royalty-free-image-643466346-1542649766.jpg

ဂျင်းပြုတ်ရည်

အရက်နာကျလို့ မအီမသာ ပျို့ချင် အန်ချင် ဖြစ်နေရင် ဂျင်းကို ဒီအတိုင်းမစားနိုင်ပါက ဂျင်းပြုတ် ရည်နွေးနွေး လေးဖြစ်ဖြစ် (သို့) ဂျင်းဖျော်ရည်အေးအေးလေး သောက်ပေးပါ ။

ဘော်ဘော်တွေသိအောင်လည်း Share ပေးလို့ ရပါတယ်ခင်ဗျာ။

REf; Health Guide

Phyo Sat


Read 938 times Last modified on Wednesday, 10 April 2019 13:40
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.