Print this page
Wednesday, 10 April 2019 11:07

Mandalay.jpg

 

၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က ရွေးချယ်ခံရကြောင်း သိရပါတယ်။

အဆိုပါ ၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ခံရခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က “မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဝန်ထမ်းများနဲ့ စည်ပင် နဲ့ ပူးပေါင်းပေးကြတဲ့ ပြည်သူများ၊ အုပ်ချုပ်ရေးမှူးများရဲ့ ကြိုးစားအားထုတ်မှုကြောင့်ရတာပါ။ အစိုးရဌာနတစ်ခုရဲ့ ကြိုးစားပြုပြင်ပြောင်လဲပေးခဲ့တာတွေကို အသိအမှတ်ပြု ဂုဏ်ပြုဆုချီးမြှင့်ပေးတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကို အထူးကျေးဇူးတင်ပါတယ်”ဟု ၎င်း၏ Facebook တွင် ရေးသားထားပါတယ်။

အဆိုပါဆုကို ဧပြီလ ၆ရက်နေ့ ညပိုင်းက အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ကျင်းပသည့် ၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု(၂၀၁၉)ဆုကြေငြာ ချီးမြှင့်ပွဲ၌ ဆုကြေညာ ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရရှိခြင်းဟာ ပြည်သူဂုဏ်ရည်ဆုကိုရရှိသည့် ပထမဆုံးသော အစိုးရဌာနဖြစ်ပြီး၊ လက်ရှိ အစိုးရလက်ထက် ၃နှစ်အတွင်း မန္တလေးမြို့တော်ကို သိသိသာသာပြောင်းလဲခြင်းများ ဆောင်ရွက်ပေးနိုင်မှုများကြောင့် ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၉ ခုနှစ်အတွက် အဆိုပြုထားသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အမည်စာရင်းမှာ အသင်း၏အခြေခံမူများနှင့် စိစစ်ကာဆုရွေးချယ်ရေး အဆင့်များဖြင့်ဆောင်ရွက်ပြီး ပြည်သူ့ဂုဏ်ရည်ဆုရှင် ရွေးချယ်ခြင်း နောက်ဆုံးအဆင့်ကို ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်တွင် ပြုလုပ်ခဲ့ခြင်းဟု သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အပါအဝင် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ကိုလည်း ပြည်သူ့ဂုဏ်ရည်အသင်း အလုပ်အမှုဆောင်အဖွဲ့က ပြည်သူ့ ဂုဏ်ရည်ဆုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ထို့အပြင် ပြည်သူ့ဂုဏ်ရည် (အထူးဆု)ဆုရှင်များကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ရာ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၊ ဒေါ်အိအိညိမ်းနှင့် အမှိုက်သန့်ရှင်းရေး၊ ပြည်သူလူထု စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်အောင် လှုံဆော်ပေးနေသည့် Clean Yangon Campaign တို့လည်း ရရှိခဲ့ကြပါတယ်။

၁၀ ကြိမ်မြောက်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုရသူများမှာ လူမှုအဖွဲ့အစည်းအတွင်း အကျိုးပြုခဲ့သူများ၊ အမှန်တရားအတွက် ရာထူးကိုမငဲ့ကွက် အမှတ်တရားအတွက် ရပ်တည်ခဲ့ကြသူများ၊ လူမှုဘဝပတ်ဝန်းကျင်အား ရလဒ်ကောင်းများ ဖန်တီးပေးခဲ့ကြသူများဟု သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့် အထူးဆုရှင်များအတွက် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ဧပြီလ ၂၈ ရက်နေ့တွင် မန္တလေးမြို့ Mandalay Convention Center ၌ ပေးအပ်သွားမည်ဟု သိရပါတယ်။

ပထမဆုံးသော ပြည်သူ့ဂုဏ်ရည်ဆုရှင်မှာ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှ ရရှိခဲ့ပါတယ်။

Source: Irrawady


Read 522 times
Rate :
(1 Vote)

Related items

  • ပုသိမ်ကြီးမြို့နယ်တွင် COVID-19 လူနာသစ် ( ၂ ) ဦးတိုး၊ စုစုပေါင်း ( ၇ ) ဦး ရှိလာ

    MDY_update_Quarter32.jpg

    ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၃၊ ၂၀၂၀ ( မနက် ၈ နာရီအချိန် ) ထုတ်ပြန်ချက်များအရ ပုသိမ်ကြီးမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၂ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၇ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၂၃ ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆,၉၅၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁,၉၅၁) ဦး ရှိပြီ ဖြစ်ကာ သေဆုံးလူနာ (၁၂၉) ဦး ရှိပြီ ဖြစ်သည်။
    =========================================



  • မန္တလေးတိုင်းအစိုးရမှ မြို့နယ်အလိုက် အရေးပေါ်ရိက္ခာစားဆီများ သိုလှောင်ထားရန် ညွှန်ကြား

    KTT_65641.jpg

    By Thant
    မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ (၂၀) ရက်နေ့တွင် စားသုံးဆီများအား အရေးပေါ်အခြေနေများအတွက် မြို့နယ်အလိုက် သိုလှောင်ထားရန် ညွှန်ကြားခဲ့သည်။

  • မန္တလေးမှ တက္ကသိုလ် ကျောင်းသား/သူများ ဂျပန်စာကို Online မှတဆင့် အခမဲ့ သင်ကြားနိုင်မည်
    Mandalay__1.jpg
    By Thant''
    မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) သည် စက်တင်ဘာလ (၁၀) ရက်နေ့က မန္တလေးမြို့တွင် ဂျပန်ဘာသာစကားကို Online မှ တဆင့် Zoom Application ကို အသုံးပြု၍ အခမဲ့ သင်ကြားပေးသွားမည်ဟု ကြေညာခဲ့သည်။