Tuesday, 09 April 2019 17:05

 

maxresdefault_1.jpg

မကြာခင်ရက်ပိုင်းမှာ မဟာသင်္ကြန်ကျရောက်တော့မှာဖြစ်ပါတယ်။ဒီနှစ်သင်္ကြန်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စည်ကားစွာ ရေကစားနိုင်ဖို့ အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။

မန္တလေးမှာတော့ ရေသဘင်မဏ္ဍပ်တွေနဲ့စည်ကားစွာကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြပြီး  မန္တလေး မြို့မအသင်းက ငွေငန်းအလှပြယာဉ်နဲ့ လှည့်လည်ကာ သီချင်းအသစ်၊ သီချင်းအဟောင်းတွေနဲ့ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ သင်္ကြန်နဲ့ပတ်သက်ရင် ငွေငန်းအလှပြယာဉ်နဲ့မြို့မအသင်းဟာ အစဉ်အလာကြီးတဲ့ တူရိယာအသင်းတစ်ခုဖြစ်ပါတယ်။ယခုနှစ်မန္တလေးသင်္ကြန်မှာ မြို့မအသင်းက ငွေငန်းအလှပြယဉ်နဲ့ အစဉ်လာမပျက် လှည့်လည် ဖျော်ဖြေသွားကြမှာပါ။ ဒီလိုဖျော်ဖြေရာမှာ မြို့မနာယကဆရာကြီးတွေနဲ့ တေးရေးဆရာကြီးတွေရေးစပ်သီကုံးထားတဲ့သီချင်းသစ်(၁၄)ပုဒ်နဲ့ဆရာကြီးမြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ဦးဘိုခင်၊ ဆရာကြီးဦးဘသိန်း၊ဆရာပေါတို့ရဲ့ သီချင်းဟောင်းတွေကိုလည်း သီဆိုဖျော်ဖြေသွားကြမယ်လို့သိရပါတယ်။ အခုလက်ရှိမှာမြို့မအသင်းက သင်္ကြန်အတွက် သီချင်းတိုက်တာပြုလုပ်နေပြီး ငွေငန်း အလှပြယာဉ်ပြင်ဆင်တာတွေပြုလုပ်နေပါတယ်။

မြို့မအသင်းအနေနဲ့သင်္ကြန်အကြိုနေ့ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမှာ စတင်ကာ ငွေငန်းအလှပြယာဉ်နဲ့ပါဝင် လှည့်လည်ဖျော်ဖြေသွားမယ်လို့သိရပါတယ်။ အကြိုနေ့တစ်ရက်လုံးကို မနက်ပိုင်းမှာ နန်းအရှေ့ဘက်၊ညပိုင်းမဟာမုနိဘုရားကြီးဘက်တွေမှာ လှည့်လည်ဖျော်ဖြေမှာဖြစ်ပြီး ကျန်တဲ့သင်္ကြန် ရက်တွေမှာတော့ မန္တလေးမြို့နေရာအနှံ့မှာလှည့်လှည်ဖျော်ဖြေမယ် လို့သိရပါတယ်။သီဆိုဖျော်ဖြေမှုတွေကိုတော့ ဝါရင့်မြို့မအဆိုကျော်တွေနဲ့မြို့မအသင်းလူငယ်အဆိုရှင်တွေကပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။မြို့မအပျော်တမ်းတူရိယအသင်းကို ဆရာငြိမ်းနဲ့လူငယ်တွေက(၁၉၂၅)ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီးအခုဆိုရင်(၉၄)နှစ်ရှိပြီဖြစ်ပါတယ်။

 

source MRTV-4


Read 440 times Last modified on Wednesday, 10 April 2019 14:07
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.