Tuesday, 15 September 2020 15:16
mandalay-central-railway.jpg
 
by Thant Thant




========================

မြန်မာ့မီးရထားမှ COVID-19 ရောဂါ ဖြစ်ပွါးမှု ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာလ (၁၂) ရက်နေ့မှ စတင်ကာ အမြန်ရထား လူစီးခရီးစဉ် ပြေးဆွဲမှုများအား ယာယီရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေးမှရပ်နား လိုက်သည့် မီးရထားခရီးစဉ် လမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး အမှတ် (၄) အစုန်၊
ရန်ကုန်-မန္တလေး အမှတ် (၃) အဆန်၊
ရန်ကုန်-မန္တလေး အမှတ် (၆) အစုန်၊
ရန်ကုန်-မန္တလေး အမှတ် (၅) အဆန်၊
မန္တလေး-မြစ်ကြီးနား အမှတ် (၅၈) အစုန်၊
မန္တလေး-မြစ်ကြီးနား အမှတ် (၅၇) အဆန်၊
မန္တလေး-မြစ်ကြီးနား အမှတ် (၅၆) အစုန်၊
မန္တလေး-မြစ်ကြီးနား အမှတ် (၅၅) အဆန်၊

မြန်မာ့မီးရထားမှ အမြန်ရထား လူစီးခရီးစဉ်များ ပြေးဆွဲမှု ယာယီရပ်နားလိုက်သော်လည်း ကုန်စည်စီးဆင်းမှုများ မရပ်တန့်သွားစေရန်အတွက် ကုန်ရထားများနှင့် ပါဆယ်ရထားများအား ဆက်လက်ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မန္တလေးတိုင်း အစိုးရ အနေဖြင့်လည်း COVID-19 ရောဂါအား စနစ်တကျ ထိန်းသိမ်းကာကွယ်ရန်၊ ပြည်သူများအနေဖြင့် ကြေညာချက်များအတိုင်း အတိကျလိုက်နာကြရန် ကြပ်မတ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။


Read 44 times Last modified on Tuesday, 15 September 2020 16:17
Rate :
(1 Vote)

Related items

  • မန္တလေးဘူတာမှ ထွက်ခွာမည့် ရထားခရီးစဉ် ( ၈ ) ခုကို လကုန်ထိ ရပ်နားမည်

    666666.jpg

     

    မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့မှ ရထားအချို့နှင့် မန္တလေး-ပုဂံ၊ မန္တလေး-လားရှိုး၊ မန္တလေး-မုံရွာ၊ မန္တလေး-ခင်ဦး၊ မန္တလေး-မတ္တရာနှင့် မန္တလေး-နဘားလမ်းပိုင်းတို့မှ ရထားခရီးစဉ်များကို ဧပြီလ ၃၀ ရက်ထိ ယာယီရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.