Friday, 14 August 2020 09:20

img.jpg

 

By Joey
ပြည်နယ်နှင့် တိုင်း‌‌ဒေသကြီးအလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များကို ပညာရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းတွင် မန္တလေးတိုင်း‌‌ဒေသကြီးသည် အောင်ချက်အကောင်းဆုံး တိုင်းဒေသကြီးအဖြစ် ရပ်တည်နေသည်။

မန္တလေးတိုင်း‌တွင် စာမေးပွဲဖြေဆိုသူ စုစုပေါင်း (၁) သိန်းကျော်ရှိကာ (၄) သောင်း (၇) ထောင်ကျော် အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၇.၅၁ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းမှ ၃၅.၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယအောင်ချက် အကောင်းဆုံးတိုင်းဒေသကြီးအဖြစ် ရပ်တည်နေပြီး မွန်ပြည်နယ်မှ ၃၄.၇၁ ရာခိုင်နှုန်းဖြင့် တတိယအောင်ချက် အကောင်းဆုံးပြည်နယ်အဖြစ် ရပ်တည်ခဲ့သည်။

တစ်နိုင်ငံလုံးတွင် (၆) ဘာသာဂုဏ်ထူးရှင်သည် ၇၉၇ ဦးရှိပြီး ၃၄၅ ဦးမှာ မန္တလေးမှ ဖြစ်သည်။ ထို့ကြောင့် မန္တလေးတိုင်းသည် အောင်ချက်အမျာဆုံး ဖြစ်ခဲ့သည်သာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၆ ဘာသာဂုဏ်ထူးရှင် အများဆုံးရှိသည့် တိုင်း‌‌ဒေသကြီးလည်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစုစုပေါင်း ၉ သိန်းကျော် ရှိခဲ့ပြီး ဖြေဆိုအောင်မြင်သူမှာ ၂ သိန်းကျော်သာ ရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် အောင်ချက်သည် ၃၂.၀၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ယခုနှစ် အောင်ချက်ရာခိုင်နှုန်းသည် ယခင် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာခိုင်နှုန်း သိသိသာသာ လျော့နည်းနေသည်ကို တွေ့ရသည်။

၂၀၂၀ ခုနှစ်၊ မတ်လတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်စာမေးပွဲရလဒ်များကို ဩဂုတ်လ ၉ ရက်နေ့က https://www.myanmarexam.org/ နှင့် http://www.moe.gov.mm/ တို့တွင် ထုတ်ပြန်ခဲ့သည်။
Source : myanmarexam.org
==========================
By Joey
ျပည္နယ္ႏွင့္ တိုင္း‌‌ေဒသႀကီးအလိုက္ တကၠသိုလ္ဝင္စာေမးပြဲ ရလဒ္မ်ားကို ပညာေရးဝန္ႀကီးဌာနမွ ဩဂုတ္လ ၉ ရက္ေန႔က ထုတ္ျပန္ခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္းတြင္ မႏၲေလးတိုင္း‌‌ေဒသႀကီးသည္ ေအာင္ခ်က္အေကာင္းဆုံး တိုင္းေဒသႀကီးအျဖစ္ ရပ္တည္ေနသည္။

မႏၲေလးတိုင္း‌တြင္ စာေမးပြဲေျဖဆိုသူ စုစုေပါင္း (၁) သိန္းေက်ာ္ရွိကာ (၄) ေသာင္း (၇) ေထာင္ေက်ာ္ ေအာင္ျမင္ခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၃၇.၅၁ ရာခိုင္ႏႈန္းထိ ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္။

စစ္ကိုင္းတိုင္းမွ ၃၅.၁၇ ရာခိုင္ႏႈန္းျဖင့္ ဒုတိယေအာင္ခ်က္ အေကာင္းဆုံးတိုင္းေဒသႀကီးအျဖစ္ ရပ္တည္ေနၿပီး မြန္ျပည္နယ္မွ ၃၄.၇၁ ရာခိုင္ႏႈန္းျဖင့္ တတိယေအာင္ခ်က္ အေကာင္းဆုံးျပည္နယ္အျဖစ္ ရပ္တည္ခဲ့သည္။

တစ္ႏိုင္ငံလုံးတြင္ (၆) ဘာသာဂုဏ္ထူးရွင္သည္ ၇၉၇ ဦးရွိၿပီး ၃၄၅ ဦးမွာ မႏၲေလးမွ ျဖစ္သည္။ ထို႔ေၾကာင့္ မႏၲေလးတိုင္းသည္ ေအာင္ခ်က္အမ်ာဆုံး ျဖစ္ခဲ့သည္သာမက တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ၆ ဘာသာဂုဏ္ထူးရွင္ အမ်ားဆုံးရွိသည့္ တိုင္း‌‌ေဒသႀကီးလည္း ျဖစ္သည္။

ျမန္မာတစ္ႏိုင္ငံလုံးတြင္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုသူစုစုေပါင္း ၉ သိန္းေက်ာ္ ရွိခဲ့ၿပီး ေျဖဆိုေအာင္ျမင္သူမွာ ၂ သိန္းေက်ာ္သာ ရွိခဲ့သည္။ ရာခိုင္ႏႈန္းအားျဖင့္ ေအာင္ခ်က္သည္ ၃၂.၀၆ ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။

ယခုႏွစ္ ေအာင္ခ်က္ရာခိုင္ႏႈန္းသည္ ယခင္ ၂၀၁၉ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ေအာင္ခ်က္ရာခိုင္ႏႈန္း သိသိသာသာ ေလ်ာ့နည္းေနသည္ကို ေတြ႕ရသည္။

၂၀၂၀ ခုႏွစ္၊ မတ္လတြင္ ေျဖဆိုခဲ့သည့္ တကၠသိုလ္စာေမးပြဲရလဒ္မ်ားကို ဩဂုတ္လ ၉ ရက္ေန႔က https://www.myanmarexam.org/ ႏွင့္ http://www.moe.gov.mm/ တို႔တြင္ ထုတ္ျပန္ခဲ့သည္။
Source : myanmarexam.org


Read 119 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.