Monday, 10 August 2020 14:37

 

10_tann_11.jpg

 

Photo Credit From www.ft.com 

BY WMMH (Mizzy)

မြန်မာနိုင်ငံမှာ Covid - 19 ဖြစ်ပွားခဲ့တဲ့ (၂၃.၃.၂၀၂၀)နေ့မှ စတင်ပြီး ဆယ်တန်းစာမေးပွဲ အမှတ်စစ်ဆေးခြင်းနဲ့ အောင်စာရင်းကြေညာချက်တွေကို ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

Lock Down ကာလ ဖြေလျှော့ပြီးတဲ့ အချိန်မှာတော့ ဆယ်တန်းအမှတ် စစ်ဆေးမှုတွေနဲ့ အောင်စာရင်းတွေကို ကြေညာဖို့ ပြန်လည်ခွင့်ပြုပေးခဲ့ပြီး အောင်စာရင်း ရလဒ်များကိုတော့ ဒီကနေ့ (၉.၈.၂၀၂၀)၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် မနက် (၁၂း၃၀)  နာရီအတိမှာ စတင်ထုတ်ပြန်ခဲ့ပါတယ်။

Covid - 19 ကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ဖို့အတွက် အောင်စာရင်းတွေကို ယခင်ကလို မိမိဖြေဆိုထားခဲ့တဲ့ စာစစ်ဌာနထံသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုစရာမလိုဘဲ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ ဖြစ်တဲ့ www.moe.gov.mm နဲ့ www.myanmarexam.org တို့မှာ အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ 

 

Sal-ThanGold-Shops--Goldsmiths_0200.png

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွက် ဆယ်တန်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေ (၉၁၀,၂၂၉) ဦး ရှိခဲ့ပြီး အောင်မြင်သူ (၂၉၁,၇၉၈) ဦးနဲ့ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူပေါင်း (၆၁,၃၇၅) ဦး ရှိခဲ့ပါတယ်။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဆယ်တန်းစာမေးပွဲ ဖြေဆိုသူများနဲ့ အောင်မြင်သူများ
                                                   

တိုင်းဒေသကြီးနှင့်ပြည်နယ် ဖြေဆိုသူ အောင်မြင်သူ
ရန်ကုန်တိုင်း ဒေသကြီး (၁၂၄,၉၄၀) ဦး (၄၀,၉၆၃) ဦး
မန္တလေးတိုင်း ဒေသကြီး  (၁၂၇,၅၆၀) ဦး  (၄၇,၈၄၉) ဦး
နေပြည်တော်တိုင်း ဒေသကြီး  (၂၆,၂၂၁) ဦး (၈,၅၂၁) ဦး
ဧရာဝတီတိုင်းဒေသကြီး (၉၄,၉၈၅) ဦး (၂၉,၈၂၇)   ဦး
စစ်ကိုင်းတိုင်း (၁၂၅,၆၀၇)ဦး (၄၄,၁၇၀) ဦး
တနင်္သာရီတိုင်း  (၂၃,၆၈၆)  ဦး (၆,၇၆၈)   ဦး
ပဲခူးတိုင်း (အရှေ့) (၅၀,၉၀၄) ဦး (၁၃,၁၉၆) ဦး
ပဲခူးတိုင်း (အနောက်) (၈,၃၃၄)   ဦး (၈,၄၈၂)    ဦး
မကွေးတိုင်း (၉၀,၇၂၁)  ဦး (၂၉,၇၇၄)  ဦး
ကချင်ပြည်နယ် (၃၈,၀၈၃)  ဦး (၁၁,၄၂၀) ဦး
ကယားပြည်နယ်     (၇,၉၀၆)    ဦး (၂,၃၄၀)   ဦး
ကရင်ပြည်နယ် (၂၀,၆၅၂)   ဦး (၅,၈၈၆)  ဦး
ချင်းပြည်နယ် (၁၂,၃၇၀)  ဦး (၂,၆၂၃)   ဦး
မွန်ပြည်နယ် (၃၀,၅၇၈) ဦး (၁၀,၆၁၄) ဦး
ရခိုင်ပြည်နယ် (၄၅,၁၆၁) ဦး (၁၂,၃၁၄)  ဦး
ရှမ်းပြည်နယ် (အရှေ့) (၅,၀၃၇)   ဦး (၁,၀၅၂)   ဦး
ရှမ်းပြည်နယ် (တောင်) (၃၉,၂၆၃)  ဦး (၁၀,၃၁၈) ဦး
ရှမ်းပြည်နယ် (မြောက်) (၁၈,၁၂၃)  ဦး (၅,၆၅၁)  ဦး
နိုင်ငံခြား (၉၈) ဦး  (၃၀) ဦး

NG-DistributionMobile-Phones--Accessories_0074.png

 

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် Top 10 စာရင်းဝင် ကျောင်းသား၊ ကျောင်းသူများကိုတော့ အောက်ပါလင့်ခ်များမှ ကြည့်ရှုနိုင်ပါတယ်။  

(၂၀၂၀) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်အများဆုံး ရရှိသူ (Top 10) စာရင်းများ (သိပ္ပံဘာသာတွဲ)

>> https://cutt.ly/4dN2VF3


(၂၀၂၀) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်အများဆုံး ရရှိသူ (Top 10) စာရင်းများ (ဝိဇ္ဇာဘာသာတွဲ)

>> https://cutt.ly/FdN21UB


(၂၀၂၀) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်အများဆုံး ရရှိသူ (Top 10) စာရင်းများ (ဝိပ္ပံဘာသာတွဲ) 

>> https://cutt.ly/qdN29QF

 Source From www.myanmarexam.org
=======================
မြန်မာနိုင်ငံမှာ Covid - 19 ဖြစ်ပွားခဲ့တဲ့ (၂၃.၃.၂၀၂၀) မှ စတင်ပြီး ဆယ်တန်းစာမေးပွဲ အမှတ်စစ်ဆေးခြင်းနဲ့ အောင်စာရင်းကြေညာချက်တွေကို ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 
 

                                                   

ပဲခူးတိုင်း (အေရွ့) (၈,၃၃၄)   ဦး (၈,၄၈၂)    ဦး
နိုင်ငံခြား (၉၈) ဦး  (၃၀) ဦး
 

Read 100 times Last modified on Monday, 10 August 2020 15:18
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.