Tuesday, 04 August 2020 19:48
unnamed_2.jpg
 
 
By- Jae
 
COVID-19 ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် COVID-19 Fund မှ ဒုတိယအကြိမ်‌ ချေးငွေများ စတင် ထုတ်ချေးပေးနေပြီး   ဩဂုတ်လ ၁၀ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း UMFCCI မှ ဇူလိုင် (၂၉) ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 
 
Covid - 19 ချေးငွေ လျှောက်ထားနိုင်သော အဓိကဦးစားပေးလုပ်ငန်းများမှာ... 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ 
ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ 
U-Toe-MyintCarrom-Board-Lat-Tauk-Khoun_0183.png
သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ 
စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ 
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် 
အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ တို့ဖြစ်ကြသည်။
 
ချေးငွေလျှောက်ထားသူများအနေဖြင့်  လျှောက်ထားရာတွင်...
အထက်ပါ ဦးစားပေးလုပ်ငန်းတွင် အကျုံးဝင်သော လုပ်ငန်းများသာ လျှောက်ထားနိုင်သည်။ 
ချေးငွေချေးရာတွင်   စာရွက်စာတမ်းပြည့်စုံမှု ၊ ချေးငွေပြန်ဆပ်နိုင်မှု တို့အပေါ်မူတည်၍ ခွင့်ပြုပေးခြင်းဖြစ်၍    လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံအောင် ဆောင်ရွက်ပြီးမှသာ လျှောက်ထားသင့်သည်။
Sein-Mya-MyaAgricultural-Chemical-Dealers_0580.png
 
ထို့အပြင် ပထမအကြိမ်  COVID 19 ချေးငွေ ရရှိထားပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားခွင့် မရှိကြောင်းလည်း ကုန်သည်စက်မှုအသင်းချုပ်မှ ကြေညာထားသည်။
 
ပူးတွဲတင်ပြရန် လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်လွှာပုံစံများအား  https://bit.ly/3f9vL4h  တွင် Download ရယူနိုင်ပြီး Online မှ ချေးငွေလျှောက်ထားလိုသူများအနေဖြင့် အောက်ပါလင်ခ့်တွင် ၀င်ရောက်လျှောက်ထားနိုင်ပါသည်။
 
UMFCCI Website Link -  https://umfccicovid19loan.dedc.gov.mm/  
 
လူကိုယ်တိုင် သွားရောက် လျှောက်ထားလိုသူများအနေဖြင့် အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်ရုံး (UMFCCI)  သို့ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။
 
Daw-ShweFood-Stalls_0348.png
 
unnamed_2.jpg
 
 
COVID-19 ေၾကာင့္ ထိခိုက္မႈရွိေနေသာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ COVID-19 Fund မွ ဒုတိယအႀကိမ္‌ ေခ်းေငြမ်ား စတင္ ထုတ္ေခ်းေပးေနၿပီး   ဩဂုတ္လ ၁၀ ရက္ေန႔အထိ ေလွ်ာက္ထားႏိုင္ေၾကာင္း UMFCCI မွ ဇူလိုင္ (၂၉) ရက္ေန႔တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။ 
 
Covid - 19 ေခ်းေငြ ေလွ်ာက္ထားႏိုင္ေသာ အဓိကဦးစားေပးလုပ္ငန္းမ်ားမွာ... 
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရထြက္ပစၥည္း ထုတ္လုပ္သည့္လုပ္ငန္းမ်ား၊ 
ျပည္ပပို႔ကုန္ ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ 
U-Toe-MyintCarrom-Board-Lat-Tauk-Khoun_0183.png
 
သြင္းကုန္အစားထိုးပစၥည္း ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္တြင္းထုတ္လုပ္မႈမွ ျပည္ပတင္ပို႔သည္အထိ ထုတ္လုပ္မႈကြင္းဆက္ (Supply Chain) တစ္ေလွ်ာက္ ပါဝင္ေဆာင္႐ြက္သည့္ လုပ္ငန္းမ်ား၊ 
စားေသာက္ကုန္ ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ 
ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ 
အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္းမ်ား တို႔ျဖစ္ၾကသည္။
 
ေခ်းေငြေလွ်ာက္ထားသူမ်ားအေနျဖင့္  ေလွ်ာက္ထားရာတြင္...
အထက္ပါ ဦးစားေပးလုပ္ငန္းတြင္ အက်ဳံးဝင္ေသာ လုပ္ငန္းမ်ားသာ ေလွ်ာက္ထားႏိုင္သည္။ 
ေခ်းေငြေခ်းရာတြင္   စာ႐ြက္စာတမ္းျပည့္စုံမႈ ၊ ေခ်းေငြျပန္ဆပ္ႏိုင္မႈ တို႔အေပၚမူတည္၍ ခြင့္ျပဳေပးျခင္းျဖစ္၍    လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ား ျပည့္စုံေအာင္ ေဆာင္႐ြက္ၿပီးမွသာ ေလွ်ာက္ထားသင့္သည္။
 
Sein-Mya-MyaAgricultural-Chemical-Dealers_0580.png
 
ထို႔အျပင္ ပထမအႀကိမ္  COVID 19 ေခ်းေငြ ရရွိထားၿပီးသူမ်ားအေနျဖင့္ ထပ္မံေလွ်ာက္ထားခြင့္ မရွိေၾကာင္းလည္း ကုန္သည္စက္မႈအသင္းခ်ဳပ္မွ ေၾကညာထားသည္။
 
ပူးတြဲတင္ျပရန္ လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ား၊ ေလွ်ာက္လႊာပုံစံမ်ားအား  https://bit.ly/3f9vL4h  တြင္ Download ရယူႏိုင္ၿပီး Online မွ ေခ်းေငြေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေအာက္ပါလင္ခ့္တြင္ ၀င္ေရာက္ေလွ်ာက္ထားႏိုင္ပါသည္။
 
UMFCCI Website Link -  https://umfccicovid19loan.dedc.gov.mm/  
 
လူကိုယ္တိုင္ သြားေရာက္ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အမွတ္ (၂၉)၊ မင္းရဲေက်ာ္စြာလမ္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕၊ ကုန္သည္စက္မႈအသင္းခ်ဳပ္႐ုံး (UMFCCI)  သို႔ စာ႐ြက္စာတမ္း အျပည့္အစုံျဖင့္ ေလွ်ာက္ထားႏိုင္မည္ ျဖစ္သည္။
Daw-ShweFood-Stalls_0348.png
 
 
 

Additional Info

  • Top Banner: amtz

Read 167 times Last modified on Thursday, 13 August 2020 16:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.